Air China လေယာဉ်သည် အင်ဂျင်မီးလောင်မှုကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရ

စက်တင်ဘာ ၁၁

      ခရီးသည် ၁၄၆ ဦးနှင့် လေယာဉ်အမှုထမ်း ၉ ဦးတို့ တင်ဆောင်လာသည့် Air China ဂျက်လေ ယာဉ်သည် Chengdu လေဆိပ်မှ ထွက်ခွာလာပြီးနောက် စင်ကာပူသို့ ဆင်းသက်စဉ် အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့သည်။

       ခက်ခက်ခဲခဲ ဆင်းသက်မှုကြောင့် လေယာဉ်ပေါ်ပါ လူကိုးဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့သည်။ စင်္ကာပူအာဏာပိုင်များက မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

      လေယာဉ်ဆင်းသက်ပြီးနောက် ဘယ်ဘက်အင်ဂျင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ တရုတ်မီဒီယာက ဆိုပါတယ်။ ပဏာမစုံစမ်းစစ်ဆေးမှုအရ အင်ဂျင်အတွင်း စက်ပိုင်းဆိုင်ရာချို့ယွင်းမှု ဖြစ်ပွားရခြင်းအကြောင်းအရင်းကို Air China က တနင်္လာနေ့အစောပိုင်းတွင် လူမှုမီဒီယာတွင် လွှင့်တင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

      လေယာဉ်အန္တရာယ်ဖြစ်ပြီးနောက် လေယာဉ်အမှု ထမ်းများသည် အခြေအနေကို လုပ်ထုံးလုပ် နည်းများနှင့်အညီ ကိုင်တွယ်ဆောင်ရွက်ကာ ခရီး သည်များအား အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့သည်။ စင်္ကာပူရှိ ချန်ဂီလေဆိပ်တွင်လည်း အရေးပေါ်လုပ် ငန်းစဉ်များ လုပ်ဆောင်ခဲ့ကြောင်း Air China မှ သိရသည်။

#PAN