အကြမ်းဖက် KNU/PDF များမှခြိမ်းခြောက်သဖြင့် အုတ်တွင်းမြို့နယ်ရှိစာသင်ကျောင်းအချို့ပိတ်ထားရ


စက်တင်ဘာ ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ၊အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်မြို့ဝန်းကျင်ရှိ စာသင်ကျောင်းအများစုသည် စက်တင်ဘာလ ၁၀ ရက်နေ့မှစ၍ အကြမ်းဖက်အဖျက်သမား KNU PDF ပူးပေါင်းအဖွဲ့များ၏ ပြောဆိုခြိမ်းခြောက်မှုကြောင့်ပိတ်ထားရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။


အုတ်တွင်းမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းတွင်ရှိသော ကျေးရွာအုပ်စုများအတွင်းသို့ အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူ KNU PDF များ ဝင်ရောက်နေပြီး ညောင်ခြေထောက်ဒေသ ပါတ်ဝန်းကျင်ရှိ ရွာများအားလုံး ကျောင်းများအား ပိတ်ရန် အကြမ်းဖက်များမှ လာရောက်ခြိမ်းခြောက်ပြောဆို၍ ” မပိတ်ရင်ကိုယ်ဖြစ်ကိုယ်ခံ ငါတို့အဆိုးမဆိုနဲ့ ” ဟုပြောဆို ခြိမ်းခြောက်ခဲ့ကြောင်းသိရသည်။


အုတ်တွင်းမြို့နယ်အတွင်းသို့ အကြမ်းဖက်အဖွဲ့များဝင်ရောက်လာပြီးနောက်ပိုင်းတွင် မကြာခဏလူသတ် ၊ဓားပြတိုက် ၊ ဆတ်ကြေးကောက် ၊ အပြစ်မဲ့ပြည်သူများအား နည်းလမ်းအမျိုးမျိုးဖြင့် အနိုင်ကျင့်နှိပ်စက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN