ဟိုင်းကြီးကျွန်းအနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်တိမ်းစောင်းမှုဖြစ်ပွားခဲ့သည့် ကုန်တင်ရေယာဉ်အား တပ်မတော်(ရေ)မှ  ကူညီကယ်ဆယ် 

စက်တင်ဘာ ၁၁

        ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်(ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ယမန်နေ့ ည ၁၁ နာရီခန့်တွင် ဟိုင်းကြီးကျွန်း၏ အနောက် တောင်ဘက် ၁၀ မိုင်ခန့်အကွာ၌ ကုန်တင်ရေယာဉ်တစ်စီး ရေဝင်တိမ်းစောင်းမှု ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသဖြင့် သွားရောက်၍ ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ထွက်ခွာလာသည့် MV ရွှေအိမ်သည် အမည်ရှိ ကုန်တင်ရေယာဉ်အား တွေ့ရှိခဲ့သည်။ 

       အဆိုပါ ရေယာဉ်သည် ရာသီဥတုဆိုးရွားကာ လှိုင်းလေပြင်းထန်ခြင်းကြောင့် ရေယာဉ်ပေါ်တွင် တင်ဆောင်လာသော ဘိလပ်မြေအိတ် တန် ၄၀၀၀ ခန့်မှာ ရွေ့လျား၍ ရေယာဉ်တိမ်းစောင်းကာ စက်ခန်းအတွင်း ရေဝင်ရောက်မှုဖြစ်ပွား ခဲ့သဖြင့် တပ်မတော် (ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်လှေ၏ စက် ခန်းအတွင်း ရေဝင်ရောက်မှုအား ရေစုပ်ထုတ်ပေးခြင်းနှင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#PAN