ဝက်လက်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်တွင် နေထိုင်သူ

အမျိုးသမီးတစ်ဦး ထိုင်ခုံပေါ်၌ ထိုင်နေစဉ် သေနတ်ဖြင့်ပစ်သတ်ခံရ၍ သေဆုံး

စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦး နေအိမ်ရှေ့ရှိ ထိုင်ခုံပေါ်၌ ထိုင်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

အမှတ်(၁) ရပ်ကွက်‌နေ ဒေါ်မြင့်သန်း(ခ)ကုလားမကြီး(၆၃)နှစ်သည် စက်တင်ဘာလ ၇ ရက်နေ့တွင် ၎င်း၏တူမ ဖြစ်သူနှင့်အတူ နေအိမ်ရှေ့ရှိ ထိုင်ခုံပေါ်၌ ထိုင်နေစဉ် အကြမ်းဖက် PDFများရောက်ရှိလာပြီး ဒေါ်မြင့်သန်း(ခ)ကုလားမကြီးဆိုသူ အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သွားကြောင်းသိရှိရသည်။

PDF အကြမ်းဖက်များ၏ ပစ်ခတ်မှုကြောင့် ဒေါ်မြင့်သန်း(ခ)ကုလားမကြီး၏ ဦးခေါင်းနှင့် နောက်ကျောတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်စီရရှိကာ အဆိုပါနေရာ၌ပင် သေဆုံးသွား ကြောင်းသိရှိရပါသည်။

ရွှေဘိုခရိုင်းအတွင်းရှိ ဒေသခံပြည်သူများသည် အကြမ်းသမားများ၏ နေ့စဉ်ရက်ဆက်သတ်ဖြတ်ခံနေရကြောင်း မြို့ပေါ်ရပ်ကွက်များအတွင်းရှိပြည်သူများလည်း စဉ်ဆက်မပြတ်သတ်ဖြတ်ခံနေရကြောင်း သိရသလို လူသတ်အကြမ်းဖက်သမားများကို ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများ၏ပြောဆိုချက်အရသိရှိရပါသည်။

#PAN