စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သင်းပန်းချိန်ကျေးရွာမှာ ပြီးတဲ့ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် တောင်ကျရေစီးပြင်းအားကြောင့် မြေကမ်းပါးပြိုကျရာက လူနေအိမ် ၆ လုံး ပျက်စီးခဲ့တာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ နေအိမ်တွေမှာလည်း စိုးရိမ်နေရတဲ့ အခြေအနေရှိနေကြောင်းသိရပါသည်။
၎င်းကမ်းပြိုရာမှာ ပါဝင်သွားတဲ့ နေအိမ်တွေရဲ့ မိသားစုဝင်တွေမှာ မိမိတို့ရဲ့ ဆွေမျိုးတွေအိမ်မှာ ယာယီနေထိုင်နေကြရသလို စားနပ်ရိက္ခာနဲ့ အသုံးအဆောင်ပစ္စည်းတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဒေသခံတွေမှတဆင့် သိရပါသည်။
ရခိုင်ပြည်အတွင်း ပြီးခဲ့တဲ့လက မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ တောင်ကုတ်မြို့နယ်တွေမှာ ရေကြီးရေလျှံမှုနဲ့ ရေစီးပြင်းတာတွေကြောင့် လူနေအိမ် ၄၀ ထက်မနည်း ပြိုပျက်ခဲ့ပါတာကြောင့် ဒေသခံတွေက အစိုးရဆီကနေ အကူအညီရရှိဖို့ လိုလားနေကြပါသည်။