ဖားကန့်မြို့နယ်အတွင်း ဘုန်းကြီးကျောင်းတစ်ခုတွင် အကြမ်းဖက်သောင်းကျန်းသူ KIA နှင့် PDF များ အခြေ ပြုခိုအောင်းနေကြောင်း သတင်းအရ နယ်မြေခံစစ်ကြောင်းက သွားရောက်ရှင်းလင်းရာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လက်နက်ခဲယမ်းများနှင့်အတူ အကြမ်းဖက်သောင်းကျန်းသူ ၅ ဦးကို အသေဖမ်းဆီးရမိ

စက်တင်ဘာ ၁၁

        ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဟောင်ပါးကျေးရွာ၊ မြောက်ဘုန်းကြီးကျောင်းတွင် အကြမ်း ဖက်သောင်းကျန်းသူ KIA နှင့် PDF များ အခြေ ပြုခိုအောင်းနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့များကြောင့် နယ်မြေခံစစ်ကြောင်းက သွားရောက်ရှင်းလင်းရာ အဆိုပါအကြမ်းဖက် သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်သောင်းကျန်းသူများ ကစဥ်ကလျားဆုတ်ခွာထွက်ပြေးကြရကြောင်း သိရပါသည်။

      ထိုသို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါနေရာပတ်ဝန်းကျင်းတွင် အသေစိတ်ရှင်းလင်းရာ M-22 သေနတ် ၄ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ပစ္စတို ၁ လက်၊ M – 22 ကျည်အိမ် ၄ ခု၊ M – 22 ကျည် ၁၀၀ တောင့်၊ လက်လုပ်မိုင်း ၇ လုံး၊ တရုတ်လက်ပစ်ဗုံး ၄ လုံး၊ GPS ၁ လုံး၊ ဒီတိုနေတာ ၇ ခု၊ ဖြူး(စ်) ၇ ခု၊ အိုင်ကွန် ၃ လုံး၊ ရီမု ၁ ခု၊ မှန်ပြောင်း ၁ လက်၊ စနိုက်ပါမှန်ပြောင်း ၁ ခု၊KIA ယူနီဖောင်း ၁၀ စုံ၊ KIA ဦး ထုပ် ၄ လုံး၊ KIA ဘက်တံဆိပ် ၂ ခု၊ PDF ဘက် တံဆိပ် ၂ ခု၊ ကျောပိုးအိတ် ၆ လုံး၊ တစ်ယောက်ပစ်ကျင်း ၃ ကျင်းတို့နှင့်အတူ အကြမ်းဖက် KIA နှင့် PDF  ၅ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN