“တရုတ်နိုင်ငံကြက်ခြေနီအသင်းကြီးက ငလျင် ဒဏ် သင့်ခဲ့သည့် မော်ရိုကိုနိုင်ငံအား ကန် ဒေါ်လာ ၂၀၀,၀၀၀ ထောက်ပံ့မှု များပြုလုပ်ခဲ့”

စက်တင်ဘာ ၁၁

တရုတ်နိုင်ငံ၏ကြက်ခြေနီအသင်းက မော်ရိုကို နိုင်ငံ လခြမ်းနီ အသင်းကြီးအား အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် ကန်ဒေါ်လာ ၂၀၀,၀၀၀ ထောက်ပံ့ပေးပို့ သွားမည်ဖြစ်တယ်လို့ တရုတ်အစိုးရမီဒီယာ များက ယနေ့ တနင်္လာနေ့တွင် ဖော်ပြပြော ဆိုခဲ့ကြပါတယ်။

တရုတ်ကြက်ခြေနီအသင်းက လှူဒါန်းမှုများကို မော်ရိုကိုနိုင်ငံမှ ကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကူညီနိုင်ရန်အတွက် အသုံးပြုသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်လို့လည်း China Daily သတင်းဌာနက ဖော်ပြပြော ဆိုထားပါတယ်။

မော်ရိုကိုနိုင်ငံအတွင်းရှိ တရုတ်ဆေးဘက်ဆိုင်ရာ ဆရာဝန် လုပ်သားများသည် မော်ရိုကိုနိုင်ငံ ငလျင် လှုပ်ခတ်မှုများအပြီး ငလျင် ဒုက္ခသည်များကို တက်ကြွစွာ ကူညီပေး ခဲ့ကြကြောင်း တရုတ်နိုင်ငံပိုင်ရုပ်သံ CGTNသတင်းဌာနကလည်း ဖော်ပြပြောဆိုခဲ့ပါတယ်။