“ရုရှားနိုင်ငံအတွင်းရှိ နိုင်ငံပိုင် အကြီးမား ဆုံးဘဏ်ကြီးသည် အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ဖိဆန်နိုင်ရန် အစ္စလမ္မစ်သမ္မတနိုင်ငံများထံသို့ တိုက်ရိုက်ငွေပေးပို့နိုင်သည့် ဝန်ဆောင်မှုများ စတင်လုပ်ဆောင်နေ”

စက်တင်ဘာ ၁၀

ရုရှားနိုင်ငံ၏ အကြီးမားဆုံးဘဏ်ကြီးသည် အီရန်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား တိုက်ရိုက် ငွေလွှဲဝန်ဆောင်မှုများကို စတင်လိုက်ပြီလည်း ဖြစ်ပါတယ်။

ရုရှားနိုင်ငံပိုင် Sberbankကြီး ၏ ဖောက်သည်တော်ကြီးများသည် အမေရိကန် အပါအဝင် အနောက်နိုင်ငံ များ၏ ပိတ်ဆို့ အရေးယူမှု များကို ဖီဆန်ပြီး အစ္စလမ္မစ်သမ္မတ နိုင်ငံ များထံသို့ တိုက်ရိုက်ငွေ ပေးပို့နိုင်ပြီလည်း ဖြစ်ပါတယ်။

ရုရှားနိုင်ငံ၏ အကြီးဆုံးမား နိုင်ငံပိုင် ဘဏ်ကြီးဖြစ်သည့် Sberbank ကြီးမှ အီရန်နိုင်ငံသို့ ငွေလွှဲငွေပို့နိုင်စေမည့် ဝန်ဆောင်မှု အသစ်ကို ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်နေ့က စတင်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

“အီရန်ကို ငွေလွှဲဝန်ဆောင်မှုတွေက ကျနော် တို့အတွက် အသစ်ဖြစ်ပြီး ဝယ်လိုအားနဲ့ လိုအပ်ချက်တွေကို အကဲဖြတ်လို့မရသေးပါဘူး။ ဝန်ဆောင်မှုကို ခရီးသွားများအတွက် အဓိက ဒီဇိုင်းထုတ်ထားပါတယ်”လို့ Sberbank ကြီး၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။

အဆိုပါ ဝန်ဆောင်မှုကို “တစ်ဦးချင်းစီနှင့် တရားဝင်အဖွဲ့အစည်းများ”ထိ ဆောင်ရွက်နိုင် ကြောင်းကိုလည်း မီးမောင်းထိုး ပြထားပါ သေးတယ်။

ဝန်ဆောင်မှုအသစ်၏ စည်းကမ်းချက်များအရ ရူဘယ်(ရုရှား) ငွေလွှဲမှုများကို အီရန်နိုင်ငံ Pasargad ဘဏ်သို့ နိုင်ငံတကာ ငွေပေးငွေယူများအတွက် ကော်မရှင် ၁ ရာခိုင်နှုန်းဖြင့် ပေးပို့မည်လည်းဖြစ်ပါတယ်။

ထို့နောက် ငွေလွှဲငွေပို့ ဝန်ဆောင်မှုများသည် ရုရှား – အိီရန် နိုင်ငံနှစ်ခုစလုံးကို ပစ်မှတ်ထား သည့် များပြားလှသော အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ဖီဆန်နိုင်ရန်အတွက် မော်စကို(ရုရှား) မှ ဘဏ်လုပ်ငန်းရှင်များ၏ ပူးပေါင်း ဆောင်ရွက်မှုများ၏ နက်ရှိုင်းစွာ လုပ်ဆောင်နိုင်သည့် နောက်ဆုံးအဆင့်ဖြစ် ကြောင်းလည်း သတင်းဌာနများက ဖော်ပြပြော ဆိုထား ကြပါတယ်။