“ပြင်သစ်နိုင်ငံအတွင်းရှိ အီရန်နိုင်ငံ သံရုံးအား အီရန်ကွန်မြူနစ်-မာ့က်စ်ဝါဒီ အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့”

စက်တင်ဘာ ၁၀

ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ အီရန်နိုင်ငံဆိုင်ရာ သံရုံးအား MEK/MKOအစွန်းရောက် ထောက်ခံသူများက molotov မီးဗုံးများဖြင့် ပစ်ပေါက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရပါတယ်။

MKO အဖွဲ့အစည်းသည် ပြင်သစ်နှင့် အယ်လ်ဘေးနီးယားတို့တွင် ၎င်းတို့၏ဌာနချုပ် များ ထားရှိထားရှိပြီး ပြည်ပရောက် အီရန်ကွန်မြူနစ်-မာ့က်စ်ဝါဒီ အကြမ်းဖက်အဖွဲ့နှင့် ဘာသာရေး အစွန်းရောက် ကိုးကွယ်သူများလည်းဖြစ်ကြပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အီရန်နိုင်ငံ၏သံရုံးအား ပြီးခဲ့သည့် စက်တင်ဘာ ၉ရက် စနေနေ့က တိုက်ခိုက်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ပြီးနောက် အခြေအနေများကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ​သတင်းဌာနများက ဖော်ပြပြောဆိုထားကြပါတယ်။

အီရန်နိုင်ငံပိုင် သတင်းအေဂျင်စီ IRNA သတင်းဌာနက ၎င်းနိုင်ငံသံရုံး၏ မီဒီယာအကြံပေးချက်များကို ကိုးကားပြီး ကောင်စစ်ဝန်ရုံး၏ လုပ်ဆောင်ချက်များတွင် အနှောင့်အယှက်မရှိသလို အခြေအနေကိုလည်း ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန် ပြောကြားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အီရန်ကောင်စစ်ဝန်ရုံး အဆောက်အအုံအား တော်လှန် ဆန့်ကျင်ရေး အင်အားစုတစ်စုက ရန်လိုတိုက်ခိုက်ခဲ့ပြီးနောက် ထိန်းချုပ်နိုင်ခဲ့ပြီး သံတမန်ရေးရာ လှုပ်ရှားမှုများတွင် အနှောင့်အယှက် မရှိကြောင်း အဆိုပါ သံရုံး၏ တာဝန်ရှိသူက ပြောကြားခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုကျူးလွန်သူများကို အပူတပြင်း အလိုရှိ ရှာဖွေနေကြပြီး ပြီးခဲ့သည့် စက်တင်ဘာ ၉ရက် စနေနေ့ အစောပိုင်းက ပြင်သစ်နိုင်ငံ မြို့တော်ရှိ အီရန်သံရုံးကို တိုက်ခိုက်ခဲ့မှုတွင် သံတမန်ရေးရရာ အဆောက်အအုံ၏တံခါးများကို ပျက်စီးစေခဲ့ကြောင်း သတင်းများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေပြီး ဓာတ်ပုံများတွင် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း အီရန် သံရုံး ၏ အနောက်ဘက်အပိုင်း မီးလောင်နေသည်ကို တွေ့မြင်ခဲ့ရကြောင်း နှင့် ယခုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိသေးသော်လည်း ပြင်သစ်တွင် လှုပ်ရှားဆောင်ရွက်နေသည့် အယ်လ်ဘေးနီးယားတွင် အခြေစိုက်သည့် အီရန်ဆန့်ကျင်ရေးအုပ်စု MKO (Mujahideen-e-Khalq) အဖွဲ့အစည်းဖြစ်တယ်လို့ အီရန်မီဒီယာများက စွပ်စွဲပြောဆိုထားကြပါတယ်။