ကသာမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီးတွင် နယ်​မြေလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် သမား PDF အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား၊အကြမ်းဖက်သမားPDF များထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

စက်တင်ဘာ ၁၀

        ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီးတွင် နယ်​မြေလုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်စဥ်
အကြမ်းဖက်သမား PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမား PDF များ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရကြောင်း သိရပါ သည်။

       ထိုသို့ တိုက်ပဲဲဖစ်ပွားရာမှ နယ်​မြေလုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမား PDF များထံမှ လက်လုပ်ဗုံးပစ်လောင်ချာ ၁ လက်၊ အမ် – ၂၂ ကျည်အိမ် ၆ ခု၊ အမ် – ၂၂ ကျည် ၂၅၀ တောင့်၊ တရုတ်စက်လတ်ကျည် ၃၀၀ တောင့်၊ စနိုက်ပါကျည် ၁၃ တောင့်၊ ပို့ကျည် ၁၃ တောင့်၊ Drop Bomb ဗုံးသီး ၅ လုံး၊ တရုတ်ကြိုးဆွဲလက် ပစ်ဗုံး ၂၀ လုံး၊ မိုင်းဆားကစ်အုံ ၂၁ ခု၊ အိုင်ကွန် ၅ လုံး၊ အားသွင်းခုံ ၁၃ ခု၊ Tianbao(chemical 1000 kg) ၁၁ ဘူး၊ ပြောက်ကျားယူနီဖောင်း ၃ စုံ၊အစိမ်းရောင်ယူနီဖောင်း ၁ စုံ၊ KIA လျှာထိုးဦး ထုပ် ၄ လုံး၊ ကျောပိုးအိတ်အစိမ်း ၆ လုံး၊ စက် လတ်ကျည်ထည့်ပုံး ၃ ပုံး၊ အမ် – ၂၂ ကျည်ထည့်ပုံး ၂ ပုံး၊ NLD ခေါင်းစည်း ၂ ခု၊ NLD နှာခေါင်းစည်း ၅ ခု၊ NLD ခွပ်ဒေါင်းအလံ ၂ ခု၊ PDF ဘက်တံဆိပ် ၈ ခု၊ နွေဦးတော်လှန်ရေးတံဆိပ်ပါအင်္ကျီ ၁ ထည်၊ PDF လက်စွဲစာစောင် ၃ အုပ်၊စကားဝှက်စာရွက် ၂ ရွက်တို့ကို သိမ်းဆည်းရမိကြောင်း သတင်းရရှိပါသည်။

#PAN