လှိုင်သာယာအနောက်ပိုင်းမြို့နယ်မှ ၃ လောင်းပြိုင်လူသတ်တရားခံ ဖမ်းဆီးရမိ


စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊အမှတ် ၁၈ရပ်ကွက်၊ အနန္တသူရိယလမ်းရှိနေအိမ်တွင် စက်တင်ဘာ ၄ရက် မွန်းလွဲ ၁နာရီ ​ကျော်အချိန်ခန့်က ၉နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင်မိသားစု ၃ဦးအား သတ်ဖြတ်ခဲ့ပြီး ရွှေထည်ပစ္စည်းနှင့်ငွေများ လုယက်ယူဆောင်ခဲ့သည့်တရားခံ အမျိုးသားကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူ ဦးဌေးလွင်နှင့် ဇနီးဖြစ်သူဒေါ်စုလှိုင်ဝင်းတို့သည် ရပ်ကွက်အတွင်း အတိုးဖြင့်ငွေချေးငှားသည့်လုပ်ငန်းအားလုပ်ကိုင်ကြသူများဖြစ်ကြောင်း အခင်းဖြစ်ပွားသည့်နေ့တွင် ယခင် ကငွေချေးငှားခဲ့ဖူးပြီး သားဖြစ်သူ၏ သူငယ်ချင်းဖြစ်သူ ရဲကိုနိုင်မှာ နေအိမ်သို့ရောက်ရှိလာပြီး ငွေ ၂၀၀၀၀၀ ကျပ်အား ချေးငှားခဲ့ရာ မပေးသဖြင့် လင်မယားနှစ်ဦးစလုံးကို ဓါးဖြင့်ထိုးသတ်ခဲ့ကြောင်း ထို့​​ပြင် ကုတင်ပေါ်၌ရှိနေသည့် ၉နှစ်အရွယ် ကလေးငယ်ဖြစ်သူကိုပါ ထပ်မံ၍ဓါးဖြင့်ထိုးသတ်ခဲ့ပြီး ရွှေထည် ပစ္စည်းများနှင့်ငွေကြေးများအားယူဆောင်ခဲ့ကြောင်းသိရှိရပါသည်။

ဖမ်းဆီးရမိတရားခံကို နယ်မြေခံ သောင်ကြီးရဲတပ်ဖွဲ့စခန်းတွင် ဖမ်းဆီးထားပြီး ဥပ​နေနှင့်အညီတရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။