“ပိုလန်နိုင်ငံဝန်ကြီးချုပ်က လာမည့် စက်တင်ဘာ ၁၅ရက်နေ့မှ စတင်ပြီး ယူကရိန်း လယ်ယာထွက်ကုန်များအား တင်သွင်းခွင့်များ နှင့် တားမြစ်ချက်များ ကို ထပ်မံသက်တမ်းတိုးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့”

စက်တင်ဘာ ၉

ပိုလန်နိုင်ငံ၏ ဝန်ကြီးချုပ် Morawiecki က ယူကရိန်းနိုင်ငံ၏ လယ်ယာထွက်ကုန်များကို လာမည့် စက်တင်ဘာ ၁၅ရက်နေ့တွင် ဥရောပကော်မရှင်ကမည်သည့် ဆုံးဖြတ်ချက်မှ ထုတ်ပြန်ကြေညာခြင်းမရှိပါက ၎င်းတို့နိုင်ငံအတွင်း တင်သွင်းခွင့်များ နှင့် တားမြစ်ချက်များ ကို လွတ်လပ်စွာ သက်တမ်းတိုးသွားမယ်လို့ Warsaw (ပိုလန်) က ပြင်းပြင်းထန်ထန် တုံ့ပြန်ကြောင်း ပြောကြားခဲ့ တာဖြစ်ပါတယ်။

“ယူကရိန်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တခြားနိုင်ငံ ၄နိုင်ငံနဲ့ စကားပြောဆိုပြီးနောက် ပြီးခဲ့သည့် ဇူလိုင်လမှာ ယူကရိန်း လယ်ယာထွက်ကုန် တင်ပို့မှုအားကျွန်တော် ရှင်းရှင်းလင်းလင်း ပြန်ပြောခဲ့ကြပါတယ် ဥရောပသမဂ္ဂရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုပဲ ဖြစ်ဖြစ် စိုက်ပျိုးရေးဈေးကွက်တွေကို အသစ် ပြန်ဖွင့်ဖို့ ခွင့်မပြုပါဘူး။ စက်တင်ဘာ ၁၅ ရက်မှစပြီး ဥရောပသမဂ္ဂပိုင်နက်ထဲသို့ (ဂျုံ) စပါးအမျိုး အစား၄ မျိုး တင်သွင်းခြင်းအား တားမြစ်ပိတ်ပင်မည် သို့မဟုတ် ကျနော် တို့ကိုယ်တိုင် ဤအဆင့်ကို အကောင်အထည်ဖော်မည်” လို့ Morawiecki က ပြီးခဲ့သည့် စက်တင်ဘာ ၈ရက် သောကြာနေ့ကပြုလုပ်ခဲ့သည့် သတင်းစာ ရှင်း လင်းပွဲတစ်ခုတွင် ပြောကြားခဲ့တာဖြစ် ပါတယ်။