“စင်ကာပူနိုင်ငံ၏ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် ဝန်ကြီး ဌာန(MCI) က ၎င်းတို့နိုင်ငံ၏ ပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်ခြင်းများမပြုလုပ်ရန်ဗြိတိန် ဂျာနယ်လစ် တစ်ဦးအား သတိပေးချက် ထုတ်ပြန်ခဲ့”

စက်တင်ဘာ ၉

စင်္ကာပူနိုင်ငံက ဗြိတိန်နိုင်ငံ၏ သတင်းထောက် တစ်ဦးဖြစ်သူကို ၎င်းတို့နိုင်ငံ ၏ပြည်တွင်းရေးများအား ၀င်ရောက်စွက်ဖက် ခြင်းအတွက် သတိပေးလိုက်ကြောင်း ထုတ်ပြန်ပြောကြားခဲ့တာဖြစ်ပါတယ်။

“စင်္ကာပူနိုင်ငံအား လစ်ဘရယ်ဆန်သောနိုင်ငံ”အဖြစ် နှိုင်းယှဉ်ပြောဆိုကာ ပြည်တွင်း ဒစ်ဂျစ် တယ်မဂ္ဂဇင်းတစ်ခုတွင် လူသိရှင်ကြား ထုတ်ဝေခဲ့ပြီးနောက် အဆိုပါ သတင်း ခေါင်းစဥ်အားထုတ်ဝေ ရေးသားခဲ့သော ဗြိတိန် ဂျာနယ်လစ် တစ်ဦးကို စင်ကာပူနိုင်ငံက ၎င်းတို့နိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်နေတာဖြစ်တယ်လို့သတိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

စင်္ကာပူနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးတွင် ၀င်ရောက်စွက်ဖက်ခြင်းနှင့်ပတ်သက်၍ ဗြိတိန် သတင်းထောက် Ziegler အား ပြီးခဲ့သည့် သောကြာနေ့တွင် သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း စင်ကာပူ ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်ဝန်ကြီးဌာန (MCI) မှ ပြောကြားခဲ့ တာဖြစ်ပါတယ်လို့ သတင်းဌာန များက ဖော်ပြပြောဆိုထား ကြပါတယ်။