မကွေးတိုင်းအတွင်းသို့ရောက်ရှိနေသော ကရင်ပြည်နယ်မှပို့လိုက်သည်ဟုယူဆရသည့် ဒရုန်းကို ပြည်သူ့စစ်များက ပစ်ချဖျက်ဆီးခဲ့

စက်တင်ဘာ ၉

ကရင်ပြည်နယ်ဖက်မှ ပို့လိုက်သည်ဟုယူဆရသည့် ဒရုန်းများ မကွေးတိုင်းအတွင်းသို့ရောက် အသုံးပြုနေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

အဆိုပါ ဒရုန်းဟု ယူဆရသည့်ဒရုန်းများဖြင့် စက်တင်ဘာလ (၉)ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ပခုက္ကူမြို့နယ် အနောက်ဖုန်းကန်ကျေးရွာပေါ်သို့ ဒရုန်းဖြင့် ဗုံးပစ်ချခဲ့သည့်အတွက် ပြည်သူ့စစ်ခေါင်းဆောင် ကိုလှိုင်မင်းထွန်းနှင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် ကျေးရွာလူငယ်တစ်ဦး စုစုပေါင်း(၃) ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။

ရေးရွာအတွင်းလုံခြုံရေးလုပ်ဆောင်နေသော ပြည်သူစစ်ပူးပေါင်းအဖွဲ့များမှ ဒရုန်းလာနိုင်သည့်လမ်းကြောင်းအား စောင်းဆိုင်းနေစဥ် စက်တင်ဘာလ(၈)ရက်နေ့တွင် အကြမ်းဖက်များမှ ဗုံးချတိုက်ခိုက်ရန် လွှတ်တင်လိုက်သော ဒရုန်းတစ်စီးအားပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များ ပစ်ချလိုက်သည့် ဒရုန်းမှာ ပန်ကာ(၆)ခုပါရှိပြီး အတော်အသင့် သယ်ဆောင်နိုင်သော ဒရုန်းတစ်စီးဖြစ်ကြောင်းသိရပြီး ယနေ့ စက်တင်ဘာ(၉)ရက်နေ့တွင် အကြမ်းဖက်များမှ ဒရုန်းဖြင့် ထပ်မံ လာရောက်ပစ်ချခဲ့ ကြောင်းသိရသည်။

မကြာမှီရက်ပိုင်းအတွင်းက ကရင်ပြည်နယ်အတွင်းသို့ အဆင့်မြင့်ဒရုန်းများရောက်ရှိခဲ့ကြောင်းနှင့် ဒရုန်း(၂)စီးအား မကွေးတိုင်းအတွင်းသို့ ပို့ဆောင်မည်ဟု အကြမ်းဖက်သတင်းထုတ်လွှင့်မှုများအရ သိရပြီး ယခုပစ်ချလိုက်သည့် ဒရုန်းနှင့် ကျန်ရှိသည့် ဒရုန်းမှာ ကရင်ပြည်နယ်ဘက်မှ ပေးပို့သည်ဟု ယူဆရပြီး ဒရုန်းများသယ်ဆောင်ရာလမ်းကြောင်းသည် အလွန်မြန်နေကြောင်းတွေ့ရှိသည်။

#PAN