စစ်ကိုင်းမြိုနယ်၊ နုံးတွင်းကျေးရွာနှင့် နတ်ခရိုင်ကျေးရွာကြား စစ်ကိုင်း – မုံရွာ သွားကားလမ်းပေါ်တွင် မိုင်းထောင်နေ အကြမ်းဖက်သမား PDF များကို နယ်မြေခံလုံခြုံရေးအဖွဲ့များက သွား ရောက်ရှင်းလင်း


စက်တင်ဘာ ၉

        ယနေ့ နံနက် ၁၀ နာရီ ၃၀မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြိုနယ်၊ နုံးတွင်းကျေးရွာနှင့် နတ်ခရိုင်ကျေးရွာကြား စစ်ကိုင်း – မုံရွာ သွားကားလမ်းပေါ်တွင် မိုင်းထောင်နေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ နယ်မြေခံလုံခြုံရေးအဖွဲ့များက သွား ရောက်ရှင်းလင်းခဲ့သည်။

      နယ်မြေခံလုံခြုံရေးအဖွဲ့များ အဆိုပါနေရာအရောက်တွင် မိုင်းထောင်ရန်လုပ်ဆောင်နေသောအကြမ်းဖက် PDFများနှင့် တွေ့ဆုံပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက်သမား PDF ၃ ဦးကိုသေနတ် ၂ လက်၊ လက်လုပ်ရှေ့ထွက်မိုင်း ၈ လုံး ၊ ၁၂ ဗိုဘက္ထရီအိုး ၂ လုံး၊ အရှည် ၃၀ ပေခန့် ဝါယာကြိုး ၂ ခွေ တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့
ကြောင်း သတင်းရရှိပါသည်။

      NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် အများပြည်သူ အသုံးပြု သွားလာနေသော လမ်းများပေါ်တွင် မိုင်းထောင်ခြင်းများကြောင့် အပြစ်မဲ့ပြည်သူများ မိုင်းပေါက်ကွဲ သေ ဆုံး၊ ဒဏ်ရာရမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိပါသည်။ ထိုသို့ စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားပြည်သူများကို ထိခိုက်စေမည့် အကြမ်းဖက်လုပ်ဆောင်မှုများ လုပ်ဆောင်နေခြင်း နိုင်ငံတကာစစ်ဥပဒေ (ခ) ဂျီနီဗာကွန်ဗင်းရှင်းပါ ဥပဒေများကို အကြမ်းဖက် PDF များက ချိုးဖောက်နေကြကြောင်း သိရပါသည်။