ရွှေဘိုမြို့နယ်၊ ကိုးပင်ကျေးရွာအနီးတဝိုက်တွင်အကြမ်းဖက်သမား PDF များ ခိုအောင်းနေရာကို နယ်မြေလုံခြုံရေးအဖွဲ့က သွားရောက်ရှင်းလင်းရာ တဲ ၃ လုံးအတွင်းမှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

စက်တင်ဘာ ၈

        ယနေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ကိုးပင်ကျေးရွာအနီးတဝိုက်တွင် အကြမ်းဖက်သမား PDF များ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့လာမှုကြောင့် နယ်မြေလုံခြုံရေးအဖွဲ့များက အဆိုပါနေရာအား သွား ရောက်ရှင်းလင်း အကြမ်းဖက် PDF များ ထွက် ပြေးသွားကြပြီး ၎င်းတို့ အခြေပြုနေထိုင်သော တဲ ၃ လုံးကို တွေ့ရှိ ရှင်းလင်းခဲ့သည်။

       ထိုသို့ ရှင်းလင်းခဲ့ရာ အဆိုပါ တဲ ၃ လုံးအတွင်းမှ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက် လုပ်တစ်တောင့်ထိုးသေနတ် ၁ လက်၊ လက်လုပ် ၄၀ မမ ခါးချိုး သေ နတ် ၂ လက်၊ ၅.၅၆ မမကျည် ၁၄ တောင့်၊ ၇.၆၂ မမကျည် ၁၁ တောင့်၊ အမ် ၂၂ ကျည် ၁၅ တောင့် ၊ လက် လုပ်စိန်ပြောင်းဗုံးသီး ၁ လုံး၊ ဆိုင်ကယ်ဘက္တရီ ၇ လုံး၊ ယမ်းကြိုး ပေ ၁၅၀ ခန့် ၃ ခွေ၊ ယမ်း ၂ ပိဿာခန့် ၁ ထုပ်၊ အိုင်ကွန်အားသွင်းခုံ ၄ လုံး၊ နိုင်လွန်ကြိုး ပေ ၃၀ ခန့် ၅ ခွေ၊ ဆိုင်ကယ် ၆ စီးတို့ကို သိမ်းဆည်းရရှိကြောင်း သတင်းရရှိပါသည်။

        ရွှေဘိုမြို့နယ်အတွင်း အေးချမ်းစွာနေထိုင်လုပ် ကိုင် စားသောက်လိုကြသော ဒေသခံပြည်သူများက အကြမ်းဖက် PDF များ၏ အကြမ်း ဖက်လုပ်ရပ်များကို စိတ်ကုန်လာကြပြီး ၎င်းတို့ ၏သတင်းများကို နီးစပ်ရာလုံခြုံ ရေးအဖွဲ့များသို့ လျှို့ဝှက်ပေးပို့လာကြသဖြင့် နယ်မြေလုံခြုံ ရေးအဖွဲ့များက နယ်မြေရှင်း လင်းရာမှ ယခု ရက်ပိုင်းအတွင်း အကြမ်းဖက် PDF များနှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားကာ ၎င်းတို့၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါသည်။

#PAN