“ရုရှားနိုင်ငံက ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးတွင် ၎င်းတို့နိုင်ငံပိုင် သဘာဝဓာတ်ငွေ့ပိုက် လိုင်းများ ဖောက်ခွဲခံရသည့် အကြောင်း အရင်းများအား ဆွေးနွေး အဖြေရှာမှုများ ပြုလုပ်နိုင်ရန် တောင်းဆိုထား”

စက်တင်ဘာ ၈

ရုရှားနိုင်ငံက ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးတွင် ၎င်းတို့နိုင်ငံ၏ သဘာဝဓာတ်ငွေ့ပိုက်လိုင်း Nord Stream ဗုံးခွဲခံခဲ့ရသည့် အကြောင်းအရင်းအား ဆွေးနွေး အဖြေရှာမှုများပြုလုပ်နိုင်ရန် တောင်းဆိုထားပါတယ်။

အဆိုပါ အစည်းအဝေးကို လာမည့် စက်တင်ဘာ ၂၆ ရက် နေ့ မော်စကို(ရုရှား) စံတော်ချိန် ၂၂ နာရီတွင် စတင်နိုင်ရန် စီစဉ်ထားပြီး ကျင်းပမည့် ရက်စွဲ သည် ဘောလ်တစ်ပင်လယ်ရှိ ရုရှားနိုင်ငံပိုင် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ ပျက်စီးခဲ့ရမှုများ၏ နှစ်ပတ်လည်နေ့ လည်းဖြစ်ပါတယ်လို့ သတင်းဌာနများက ဖော်ပြပြောဆိုထားကြပါတယ်။