“မြောက်ကိုရီးယား နိုင်ငံက Hero Kim Kun Ok အမည်ရှိ ​၎င်းတို့နိုင်ငံထုတ် နျူးကလီးယား ရေငုတ် သင်္ဘောအား စတင်အသုံးပြု”

စက်တင်ဘာ ၈

မြောက်ကိုရီးယားနိုင်ငံ က ၎င်းတို့နိုင်ငံထုတ် နျူကလီးယား ရေငုပ် သင်္ဘောအသစ် စတင် အသုံးပြုခြင်း ဖွင့်ပွဲ အခမ်းအနား သို့ နိုင်ငံ့ ခေါင်းဆောင် Kim Jong Un ပါဝင် တက်ရောက်ခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံက နျူးကလီးယား ရေငုတ်သင်္ဘော စတင်အသုံးပြုခြင်းသည် အမေရိကန်နိုင်ငံအပါအဝင် ၎င်းတို့ ၏ အာရှဒေသရှိ မဟာမိတ်များကို တန်ပြန် စစ်ရေးများ ပြုလုပ်နိုင်ရန် နှင့် နျူကလီးယား လက်နက်များ ပိုင်ဆိုင်သည့် ရေတပ် တည်ဆောက် နိုင်ရန် ကြိုးပမ်းမှုသည် အရေးပါ သည့် တန်ပြန်ခြေလှမ်း တစ်ရပ်ဖြစ်လို့ ယနေ့ ပြောကြားခဲ့ပါတယ်။

“Hero Kim Kun Ok” လို့ အမည်ပေး ထားသည့် အဆိုပါ ရေငုတ်သင်္ဘော သည် ရေအောက်မှ နည်းဗျူဟာမြောက် နျူလက်နက် များကို ပစ်လွှတ်ရန် ဒီဇိုင်း ထုတ်ထား သော်လည်း သယ်ဆောင်နိုင်သည့် ဒုံးကျည် အရေအတွက်ကိုမူ ဖော်ပြထားခြင်း မရှိသေး ပါဘူး။

ပြီးခဲ့သည့် စက်တင်ဘာ ၆ရက် ဗုဒ္ဓဟူးနေ့က အဆိုပါ နျူးကလိီးယား ရေငုတ် သင်္ဘောစတင်အသုံးပြုခြင်း အခမ်းအနားနှင့် Kim Jong Un က စက်တင်ဘာ ၇ရက် ကြာသပတေးနေ့တွင် နျူးကလီးယား ရေငုတ် သင်္ဘောအား စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် ​နိုင်ငံ့ခေါင်းဆောင် ကင်ဂျုံအွန် က အမေရိကန်၏ အဆင့်မြင့် ရေတပ် ပိုင်ဆိုင်မှုများကို တန်ပြန်နိုင်ရန် ၎င်းတို့ နိုင်ငံသည် ကိုယ်ပိုင်နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘောရှိလာပြီဖြစ်သည့်အတွက် အလွန် ကျေနပ်မိကြောင်း ပြောကြားခဲ့တယ်လို့ မြောက်ကိုရီးယား သတင်းဌာန KCNA ကဖော် ပြပြောဆိုထားပါတယ် ။

ထို့နောက် ပြီးခဲ့သည့် ဇူလိုင်လတွင် အမေရိကန်နိုင်ငံက တောင်ကိုးရီးယားနိုင်ငံ ရေပိုင်နက်တွင် နျူကလီးယား ပစ်လွှတ်နိုင်သော ပဲ့ထိန်းဒုံးကျည်သုံး ရေငုပ်သင်္ဘော ကို ၁၉၈၀ ခုနှစ်များ နောက်ပိုင်းအချိန်တွင် ပထမဆုံး အကြိမ်အဖြစ် တောင်ကိုရီးယား နိုင်ငံသို့ စေလွှတ်မှုများ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ် လို့ သတင်းဌာနများ ကဖော်ပြပြော ဆိုထားကြ ပါတယ်။