မင်းကင်းမြို့နယ်၊ အင်ပင်လှကျေးရွာအနီးတွင် အခြေပြုခိုအောင်းနေသော အကြမ်းဖက်သမား PDF များကို နယ်မြေလုံခြုံရေးအဖွဲ့များက ရှင်းလင်း၊PDF ၁ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

စက်တင်ဘာ ၇

        စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ အင်ပင်လှကျေးရွာအနီးတွင် အကြမ်းဖက်သမား PDF များ အခြေပြုခိုအောင်းနေထိုင်ကြောင်း တာဝန်သိပြည်သူများက သတင်းပေးပို့လာရာ နယ်မြေလုံခြုံရေးအဖွဲ့များသည် အဆိုပါ ကျေးရွာပတ်ဝန်းကျင်ကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့သည်။

         ထိုသို့ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဥ်
အင်ပင်လှကျေးရွာအနီးတွင် မသင်္ကာဖွယ် လူနေတဲများကို တွေ့ရှိရှင်းလင်း အကြမ်းဖက်သမား PDF များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး အကြမ်း ဖက်သမားများ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားကြကြောင်း သိရပါသည်။

        အဆိုပါ ထိတွေ့တိုက်ပွဲတွင် အကြမ်းဖက် သမား PDF ၁ ဦးကို အသေဖမ်းဆီးရမိခဲ့ပြီး ၂၀ ဦးဆံ့လူနေတဲ ၁ လုံး၊ ၂ ယောက်အိပ်တဲ ၁၁ လုံးနှင့် လူ ၁၀ ဦးဆံ့ အချုပ်ခန်း ၁ ခန်းတို့ကို တွေ့ရှိရကြောင်း၊ အဆိုပါတဲများအတွင်းမှ လက်လုပ် ၄၀ မမသေနတ် ၁ လက်၊ တူမီးသေနတ် ၃ လက်၊လေ့ ကျင့်ရေးသစ်သားသေနတ် ၁၂ လက်၊ ၅.၅၆ မမကျည် ၃၀တောင့်၊ လက်လုပ်တိုက်မိုင်း ၇ လုံး၊ယမ်းမှုန့်(၂ပိဿာခန့်) ၁ ထုပ်၊ ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရရှိကြောင်း သတင်းရရှိပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသခံပြည်သူ များအနေဖြင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုကြပြီး လူသတ်အကြမ်းဖက် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ရွံရှာမုန်းတီးလာကြကြောင်း၊ လူသတ်အကြမ်းဖက်များ၏ လုပ်ရပ်များကို ထောက်ခံခြင်း မပြုကြတော့ဘဲ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများကို ယခုလို နီးစပ်ရာ လုံခြုံရေးအဖွဲ့များထံ လျှို့ဝှက်သတင်းပေးပို့လာကြကြောင်း သိရပါသည်။

#PAN