“အာဖရိကတိုက် အလယ်ပိုင်းရှိ Chad နိုင်ငံတွင် ဖြစ်ပွားနေသော ပြင်သစ် ဆန့်ကျင် ရေးဆန္ဒပြမှုများအတွင်း ပြင်သစ် စစ်အခြေ စိုက်စခန်းအား ဝင်ရောက် ရန်ကြိုးစားခဲ့သည့် ဆန္ဒပြ ပြည်သူ၂ဦး ထပ်မံသေဆုံးခဲ့ရပြီး လူ၁၅ဦးခန့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့”

စက်တင်ဘာ ၈

အာဖရိကတိုက်အလယ်ပိုင်းရှိ Chad နိုင်ငံတွင် ဖြစ်ပွား နေသော ပြင်သစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် နိုင်ငံအတွင်းရှိ ပြင်သစ်စစ်တပ်အခြေစိုက်စခန်းအတွင်းသို့ ဝင်ရောက် ရန်ကြိုးစားခဲ့ကြသော လူ၂ ဦးထပ်မံသေဆုံးမှုဖြစ်ပွား ခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်ဆရာဝန်ကို တိုက်ခိုက်ခဲ့တဲ့ Chadian စစ်သားတစ်ဦး သေဆုံးမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုများအတွင်း Chadနိုင်ငံ မြောက်ပိုင်း Faya-Largeau ဒေသမှာရှိတဲ့ ပြင်သစ် စစ်အခြေစိုက်စခန်းကို ဝင်ရောက်နိုင်ရန် ကြိုးစားခဲ့သည့် ဆန္ဒပြသူ လူ၂ဦးကို Chadian စစ်တပ်က ပစ်သတ်ခဲ့မှုကြောင့် ပြီးခဲ့သည့် စက်တင်ဘာ ၆ရက် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက သေဆုံးခဲ့ရတာဖြစ်ပါတယ်။

Chadian စစ်တပ်သည် ဆန္ဒပြမှုကို တားဆီးရန် ကြားဝင် လုပ်ဆောင် မှုများပြုလုပ်ခဲ့ပြီး ပြင်သစ်စစ်တပ်အခြေစိုက်စခန်းသို့ ဝင်ရောက်နိုင်ရန် ကြိုးပမ်းသည့် ဆန္ဒပြသူများ နှင့် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပေါ်ခဲ့ပါတယ်။

ပြင်သစ်ဆန့်ကျင်ရေး ဆန္ဒပြ လူစုလူဝေးကို ချေမှုန်းနိုင်ရန်အတွက် အဆောက်အအုံကို စောင့်ကြပ်နေသည့် ချာဒီးယားတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုများကြောင့် အနည်းဆုံး လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ရပါတယ်။

“အသေအပျောက်ကတော့ ပြင်သစ်စစ်တပ်က သတ်ဖြတ်ခဲ့တဲ့ ချာဒီစစ်သား အပါအဝင် လူ ၃ ယောက်ပါ။ လူ ၁၅ ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေလည်း ရှိနေပါတယ်” လို့ ဒေသခံ တစ်ဦးက ပြောကြားထားကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။