“လာမည့် စက်တင်ဘာ ၉ရက်နေ့တွင် ကျရောက်မည့် ၇၅နှစ်မြောက် မြောက်ကိုရီးယား သမ္မတနိုင်ငံတော်ထူထောင်သည့်နေ့ အထိမ်းအမှတ် ပွဲကြီးကို တရုတ်နိုင်ငံ၏ ဒုတိယ ဝန်ကြီးချုပ် ဦးဆောင်သော တရုတ် အစိုးရ ကိုယ်စားလှယ်အဖွဲ့များ ပါဝင်တတ်ရောက် သွားဖွယ်ရှိနေ”

စက်တင်ဘာ ၇

တရုတ်နိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် Liu Guozhong ဦးဆောင်သော တရုတ်ကွန်မြူနစ်ပါတီ၏ အစိုးရကိုယ်စား လှယ်အဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံ စတင်တည်ထောင်သည့်နေ့ အထိမ်းအမှတ် အဖြစ် ယခုသီတင်းပတ်နှောင်းပိုင်းတွင် လာရောက်လည်ပတ်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA က ယနေ့ ကြာသပတေးနေ့တွင် ထုတ်ပြန်ကြေညာထားပါတယ်။

တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ်၏ မြောက်ကိုရီးယား ခရီးစဉ်သည် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (DPRK) အစိုးရနှင့် အာဏာရ အလုပ်သမားပါတီ ဗဟိုကော်မတီ၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ကြောင်း လည်း အစီရင်ခံစာတွင် ဖော်ပြထားပြီး မြောက်ကိုးရီးယားသည် လာမည့် စက်တင်ဘာ ၉ ရက်နေ့ကို သမ္မတနိုင်ငံထူထောင်ရေးနေ့ အဖြစ် လူသိများကြပြီး ယခုနှစ်တွင် ၎င်းတို့နိုင်ငံ ကျွန်းဆွယ်ကို ဂျပန်နိုင်ငံ လက်အောက်မှ လွတ်မြောက်လာပြီးနောက် ၇၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ကျင်းပသွားမည်လည်း ဖြစ်ပါတယ်။