မြင်းခြံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သဲပြင်တိုက်ကျောင်း ရွှေသာလျောင်းဘုရား အဆောက်အဦးပြိုကျမှု ဖြစ်ပွား

စက်တင်ဘာ ၇

မြင်းခြံမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မြင်းခြံမြို့၊အမှတ်(၁၀)ရပ်ကွက်၊သဲပြင်ကျောင်းတိုက်အတွင်းရှိ ရှေးဟောင်း ရွှေသာလျောင်းဘုရားအဆောက်အဉီး ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှေးဟောင်း ရွှေသာလျောင်းဘုရားအဆောက်အဉီပြိုကျပျက်ဆီးမှုနှင့်ပါတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ရှိသူများ၊ လူမှု့ရေးအသင်းဖွဲ့များ ဝိုင်းဝန်း၍ ပြိုကျပျက်စီးသွားသော အဆောက်အဦးနှင့် အနီးတစ်ဝိုက်တွင် အပျက်အဆီးများကို ရှင်းလင်းဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။