မုံရွာမြို့နယ်အတွင်းနယ်မြေခံလုံခြုံရေးအဖွဲ့များက နယ်မြေ ရှင်းလင်းရေးများပြုလုပ်ရာမှအကြမ်းဖက်သမား PDF များကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

စက်တင်ဘာ ၇

        ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကြေးမုံရွာအနီးတွင် အကြမ်းဖက် PDF များ ခိုအောင်းနေကြောင်း ဒေသခံတာဝန်သိပြည်သူများ၏ သတင်းပေးပို့လာမှုကြောင့် နယ်မြေခံလုံခြုံရေးအဖွဲ့များက အဆိုပါနေရာသို့ သွားရောက်နယ်မြေရှင်းခဲ့ရာ လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

       ထိုသို့ တိုက်ပွဲဖြစ်ပွားရာမှ ကာဘိုင်သေနတ် ၁ လက်၊ ကာဘိုင်ကျည်အိမ် ၁ ခု၊ ကာဘိုင်ကျည် ၁၀ တောင့်၊ လက်လုပ်စိန်ပြောင်း ၁၀ လက်၊လက်လုပ် ၄၀ မမ သေနတ် ၂ လက်၊လက်လုပ်ရှော့တိုက်ပြောင်း ၆ ခု၊ လက်လုပ်လက်ပစ်ဗုံး ၇၀ လုံး၊ ၁၀ယောက်အိပ်တဲ ၃ လုံးတို့နှင့်အတူ အကြမ်းဖက်သမား PDF ၆ ဦးကို အသေဖမ်းဆီးရမိခဲ့သည်။

     အလားတူ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်တွင် နယ်မြေလုံခြုံရေးအဖွဲ့များသည် မုံရွာမြို့ နယ်၊ ကျွဲရဲကျေးရွာအနီး  နယ်မြေရှင်းနေစဉ် မိုင်းထောင်နေသည့် အကြမ်းဖက် ၂ ဦးကို တွေ့ရှိပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက် PDF ၁ ဦးကို လက်လုပ်သေနတ်အတို ၁ လက်၊ လက်လုပ်မိုင်း ၁ လုံးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN