ဘက်ဆစ်တက်အသင်းကို မန်ယူနောက်ခံလူ ဘိုင်းလီ ပြောင်းရွှေ့

Photos: Beşiktaş

စက်တင်ဘာ ၇
တူရကီကလပ် ဘက်ဆစ်တက်အသင်းက မန်ယူအသင်းမှ ခေါ်ယူထားသည့် အိုင်ဗရီကို့စ်နောက်ခံလူ ဘိုင်းလီကို အသင်းကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်ခဲ့ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ ဘိုင်းလီဟာ ဘက်ဆစ်တက်အသင်းနဲ့ တစ်နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကလည်း ကွင်းလယ်လူ ဖရက်ကို ဖီနာဘာချီအသင်းက ခေါ်ယူထားတာကြောင့် ဘိုင်းလီဟာ နွေရာသီအပြောင်းအရွှေ့မှာ တူရကီ စူပါလိဂ်ကို ရောက်ရှိတဲ့ ဒုတိယမြောက် မန်ယူကစားသမားဖြစ်လာခဲ့ပါတယ်။