“ပါကစ္စတန်နိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့၏ နယ်စပ်ဒေသတွင် နှစ်နိုင်ငံစစ်တပ်အကြား ထိတွေ့တိုက်ပွဲ အချို့ဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်ဖြတ်ကျော်ခွင့်များကို ပိတ်ပင်ထား”

စက်တင်ဘာ ၇

ပါကစ္စတန်နိုင်ငံ နှင့် အာဖဂန်နစ္စတန် နိုင်ငံတို့အကြားရှိ တိုဟမ်နယ်စပ်ဒေသကို နှစ်နိုင်ငံစစ်တပ်ကြား ထိတွေ့ တိုက်ပွဲ ရုန်းရင်း ဆန်ခတ်ဖြစ်မှု အချို့ ဖြစ်ပွားခဲ့သောကြောင့် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ခွင့်ကို ပိတ်ပင် ထားခဲ့ရပါတယ်။

ပါကစ္စတန်နိုင်ငံမြောက်ပိုင်း နယ်စပ် အနီးတဝိုက်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၆ရက် ဗုဒ္ဓဟူးနေ့က နှစ်ဖက်နိုင်ငံ နယ်ခြား စောင့်တပ်များအကြား အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရပြီးအာဖဂန် နယ်စပ်အနီး ပါကစ္စတန်သား နေအိမ်တစ်လုံးကို လက်နက်ကြီး မော်တာ ပစ်ခတ်ခံရမှုဖြစ်ပွားခဲ့ပြီး နောက် ပါကစ္စတန်နိုင်ငံသား ၅ဦး မိခင်နှင့် ၎င်း၏ကလေး ၄ဦး သေဆုံးမှုများဖြစ်ပွားခဲ့ရပါတယ်။

အဆိုပါ လက်နက်ကြီး မော်တာအား မည်သူက ပစ်ခတ်ခဲ့သည်ကို ချက်ချင်းမသိရသေး သော်လည်း ပါကစ္စတန်နိုင်ငံ ရဲတပ်ဖွဲ့များက Khyber Pakhtunkhwa ပြည်နယ် မြောက်ပိုင်း Waziristan ခရိုင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း အဆိုပါ ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြား ထားပါတယ်။

အစွန်းရောက် စစ်သွေးကြွများသည် ဒေသတွင်းတွင် တပ်စွဲထားသော လုံခြုံရေး တပ်ဖွဲ့များကို လက်နက် ကြီး မော်တာများဖြင့် ပစ်မှတ်ထားလေ့ရှိပြီး မကြာသေးမီနှစ် များအတွင်း အရပ်သားသေဆုံးမှုများပိုမိုတိုပွားလာခဲ့ကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။