တာဝန်သိပြည်သူများ၏ သတင်းပေးပို့လာမှုများကြောင့် စစ်ကိုင်းတိုင်းဒေသအတွင်း နယ်မြေခံလုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းရာ အကြမ်းဖက်သမား PDF များ၏ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိ

စက်တင်ဘာ ၇

        စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောကျေးရွာအနီးတွင် အကြမ်း ဖက်သမား PDF များ ခိုအောင်းနေကြောင်း တာ ဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် နယ်မြေလုံခြုံရေးအဖွဲ့က အဆိုပါရွာ ပတ်ဝန်းကျင်းကို သွားရောက်နယ်မြေရှင်းလင်းရာ အကြမ်း ဖက်သောင်းကျန်း သူများမှာ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားကြကြောင်း သိရသည်။

       ထိုသို့ နယ်မြေရှင်းလင်းရာမှ အကြမ်းဖက်သောင်း ကျန်းသူများ၏ လက်လုပ်တစ်တောင့်ထိုးသေနတ် ၄ လက်၊ လက်လုပ်လေသေနတ် ၁ လက်၊ ၅.၅၆ မမကျည် ၃၀ တောင့်၊ လက်လုပ် ၁၂ ဗို့ကျည် ၆ တောင့်၊ လက်လုပ်မိုင်း ၁ လုံး၊ အိုင်ကွန် ၁ လုံး၊ ဝါယာကြိုး ၁၀ ပေခန့် ၄ ခွေ၊ နိုင်လွန်ကြိုး ပေ ၅၀ ခန့် ၈ ခွေ၊ ပြောက်ကျားဉီးထုပ် ၁ လုံး၊ အလံ ၁ ထည် တို့ကို သိမ်းဆည်းရရှိကြောင်း သိရှိရပါသည်။

       အလားတူ တာဝန်သိပြည်သူများ၏ သတင်း ပေးပို့မှုအရ ဆားလင်းကြီးမြို့နယ်၊ ဆုံတားကျေးရွာအနီး နယ်မြေလုံခြုံရေးအဖွဲ့များက ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် သွားရောက် နယ်မြေရှင်းလင်းရာ အကြမ်းဖက်သမား PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လူနေတဲ ၃ လုံးအတွင်းမှ လက်လုပ် သေနတ် ၅ လက်၊ လက်လုပ်ရှော့တိုက်ဒုံးသီး ၁ လုံး၊ ကင်းတဲ ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသခံပြည်သူ များအနေဖြင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုကြပြီး လူသတ်အကြမ်းဖက် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ရွံရှာမုန်းတီးလာကြကြောင်း၊ လူသတ်အကြမ်းဖက်များ၏ လုပ်ရပ်များကို ထောက်ခံခြင်း မပြုကြတော့ဘဲ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများကို ယခုလို နီးစပ်ရာ လုံခြုံရေးအဖွဲ့များထံ လျှို့ဝှက်သတင်းပေးပို့လာကြကြောင်း သိရပါသည်။

#PAN