တာဝန်သိပြည်သူများ၏ သတင်းပေးပို့လာမှုကြောင့် တမူးမြို့နယ်၊ နန့်မွတ်တားကျေးရွာပတ်ဝန်းကျင်တွင် နယ်မြေခံလုံခြုံရေးအဖွဲ့များက နယ်မြေရှင်းလင်းရာ အကြမ်းဖက် သမား PDF ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

စက်တင်ဘာ ၇

        ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ တမူးမြို့နယ်၊ နန့်မွတ်တားကျေး ရွာအနီးတွင် အကြမ်းဖက်သမား PDF များ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့လာမှုကြောင့် နယ်မြေခံလုံခြုံရေးအဖွဲ့များသည် အဆိုပါကျေးရွာ ပတ်ဝန်းကျင်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာ အကြမ်းဖက် PDF များ နှင့်ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့သည်။

         ထိုသို့ တိုက်ပွဲဖြစ်ပွားရာမှ အကြမ်းဖက် သမား PDF ၂ ဦးကို အမ်-၂၂ သေနတ် ၂ လက်၊ အမ်-၂၂ ကျည်အိမ် ၃ ခု၊ အမ်-၂၂ကျည် ၇၀ တောင့်တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသခံပြည်သူများအနေဖြင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုကြပြီး လူသတ်အကြမ်းဖက် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ရွံရှာမုန်းတီးလာကြကြောင်း၊ လူသတ်အကြမ်းဖက်များ၏ လုပ်ရပ်များကို ထောက်ခံခြင်း မပြုကြတော့ဘဲ ၎င်းတို့၏ လှုပ်ရှားမှုသတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များထံ လျှို့ဝှက်သတင်းပေးပို့လာကြကြောင်း သိရပါသည်။

#PAN