စစ်ကိုင်းမြို့နယ်၊ မကျီးကုန်းကျေးရွာအတွင်းနယ်မြေခံလုံခြုံရေးအဖွဲ့များက နယ်မြေ ရှင်းလင်းရေးများပြုလုပ်ရာမှ အကြမ်းဖက်သမား PDF များကိုယ်လွတ်ရုန်းထွက်ပြေး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

စက်တင်ဘာ ၇

        ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် စစ် ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မကျီးကုန်းကျေးရွာ အကြမ်းဖက်သမား PDF များ ခိုအောင်းနေကြောင်း ဒေသခံတာဝန်သိပြည်သူများ၏ သတင်းပေးပို့လာမှုကြောင့် နယ်မြေခံလုံခြုံရေးအဖွဲ့များက အဆိုပါရွာသို့ သွားရောက်နယ်မြေရှင်းခဲ့ရာ အကြမ်းဖက် PDF များ ကိုယ် လွတ်ရုန်းထွက်ပြေးသွားခဲ့ကြောင်း သိရပါသည်။

       အဆိုပါရွာအတွင်း ရှင်းလင်းရာမှ ရွာရှိစာသင် ကျောင်းအတွင်းမှ လက်လုပ်စိန်ပြောင်း ၂ လက်၊ လက်လုပ် ၄၀မမ(ပြုလုပ်ဆဲ) ၃ လက်၊ လက်လုပ်သေနတ်အရှည် ၂၅ လက်၊ ၁၂ ဗို့ကျည် ၂၄ တောင့်၊ လက်လုပ်မိုင်း ၁၆ လုံး၊ ဒီတိုနေတာ ၂၀ ချောင်း၊ ကော့တက်ယမ်းကြိုး ၁ ခွေ၊ ယမ်းပျော့(၅၀)ကျပ်သား ထုပ်တို့ကို သိမ်းဆည်းရရှိကြောင်း သတင်းရရှိပါသည်။

      ဒေသခံပြည်သူများအနေဖြင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုကြပြီး လူသတ်အကြမ်းဖက် PDF များ၏ အကြမ်းဖက်လုပ်ရပ်များကို ရွံရှာမုန်းတီးလာကြရာ ၎င်းတို့၏ လုပ်ရပ်များကို ထောက်ခံခြင်း မပြုကြတော့ဘဲ ၎င်းတို့ ၏ လှုပ်ရှားမှုသတင်းများကို နီးစပ်ရာ လုံခြုံ ရေးအဖွဲ့များထံ လျှို့ဝှက်သတင်းပေးပို့လာကြကြောင်း သိရပါသည်။

#PAN