စက်တင်ဘာ ၆
မြောက်ကိုရီးယားနိုင်ငံ၏ အာဏာပိုင်များက ရုရှားနိုင်ငံအား စစ်လက်နက်များ ထောက်ပံ့ ပေးပို့ခြင်းနှင့် ပတ်သတ်ပြီး ၎င်းတို့၏ အစီအစဥ်များကို စွန့်လွှတ်နိုင်ရန် ရသမျှ အခွင့်အလမ်းများကို ရှာဖွေသွားမည်လို့ အမေရိကန် သမ္မတBiden အစိုးရ၏ အမျိုးသားလုံခြုံရေး အကြံပေး ပုဂ္ဂိုလ်ဖြစ်သည့် Jake Sullivan က ပြီးခဲ့သည့် စက်တင်ဘာ ၅ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းပွဲ တွင် ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံတို့ အကြား နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာ မှုကို အမေရိကန်နိုင်ငံ အနေဖြင့် သတိပြုမိ ကြောင်း ၎င်းက ပြောကြားခဲ့ ပါသေးတယ်။
ယူကရိန်းမှာ အထူးစစ်ရေးလုပ်ဆောင်နေသည့် ရုရှားနိုင်ငံအား ထောက်ပံ့ပေးပို့နိုင်ရန်လို့ ယူဆရသည့် လက်နက်ထောက်ပံ့မှုတွေအတွက် အမေရိကန်အစိုးရက မြောက်ကိုရီးယား အာဏာပိုင်တွေကို ပိတ်ဆို့အရေးယူမှုအသစ်များ ချမှတ်နိုင် ဖို့ အဆင်သင့်ဖြစ် နေပြီဖြစ်ကြောင်း Jake Sullivan က အဆိုပါ သတင်းစာရှင်း လင်း ပွဲတွင် ထပ်လောင်း ပြောကြားထား ပါသေးတယ်လို့ သတင်းဌာနများ ကဖော်ပြပြော ဆိုထားပါတယ်။