ဝက်လက်မြို့အဝင်တွင် အပြစ်မဲ့ပြည်သူ အမျိုး သမီးတစ်ဦး အကြမ်းဖက်သမား PDF များထောင်ထားသည့် မိုင်းပေါက်ကွဲရာမှ ဒဏ်ရာရရှိခဲ့

စက်တင်ဘာ ၅

        စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့အဝင်တွင် ယမန်နေ့ နံနက် ၁၁ နာရီ ၁ မိနစ်အချိန်ခန့်က (အမည်မဖော်လိုသူ) အပြစ်မဲ့ပြည်သူ အမျိုးသမီးတစ်ဦး အကြမ်းဖက်သမား PDF များထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့ရာမှ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

      ဖြစ်စဥ်မှာ ဝက်လက်မြို့ အရှေ့မြောက်ဘက်  ၂ မိုင်ခန့်အကွာ ကုန်းကြီးကျေးရွာတွင် အဆိုပါအမျိုးသမီးသည် ၎င်းပိုင်ဆိုင်သည့် လယ်ကွင်းထဲသို့ ကောက်စိုက်ပြီး ၎င်းနေထိုင်ရာ ဝက်လက်မြို့၊ အမှတ်(၁)ရပ်ကွက်သို့ ပြန်လာစဉ် ဝက်လက်မြို့အဝင်တွင် မိုင်းပေါက်ကွဲပြီး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

        ထိုသို့ မိုင်းပေါက်ကွဲမှုကြောင့် လည်ပင်း၊ ဘယ်ဘက်ခြေသလုံးနှင့်ညာဘက်ခြေသလုံးတို့တွင် ဒဏ်ရာ ၅ ချက် ရရှိခဲ့ပြီး ဝက်လက်မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN