လောင်းလုံးမြို့နယ် မြေစာရင်းဦးစီးဌာနရုံးမှပြန်လာသည့် စမ်းလှမ်း​ကျေးရွာအုပ်ချုပ်​ရေးမှူးကို လူသတ်အကြမ်းဖက်PDFများက ပစ်ခတ်


စက်တင်ဘာ ၅

တနင်္သာရီတိုင်း​ဒေသကြီး၊ ထားဝယ်ခရိုင်​၊ ​လောင်းလုံးမြို့နယ်၊( ဃ) ရပ်ကွက် အ​နောက်ပြင်ရပ် စမ်းလှမ်း​ကျေးရွာအုပ်ချုပ်​ရေးမှူး ဦးစံ​ရွှေ ၆၂ နှစ်(ဘ) ဦးတင်​မောင်သည် စက်တင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁နာရီ ၅၀မိနစ်အချိန်ခန့်က လောင်းလုံးမြိုနှင့်စမ်းလှမ်း​ကျေးရွာချင်းဆက်လမ်း ​လောင်းလုံးမြို့မရဲစခန်းနှင့် ၂ မိုင်ခန့်အကွာတွင် ပစ်သတ်ခံရ​ကြောင်းသိရသည်။

ဖြစ်စဥ်မှာ ဦးစံ​​ရွှေသည်​ လောင်းလုံးမြိုရှိမြို့နယ်​မြေစာရင်းဦးစီးဌာနရုံးမှ စမ်းလှမ်း​ကျေးရွာသို့ပြန်လာစဥ် အကြမ်းဖက် PDF ၈ ဦးခန့်မှ​ သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဦးစံ​ရွှေသည် ယာဘက်ပါး​စောင်ကျည်​ဖောက်ဝင်​ပေါက်ထွက် ဒဏ်ရာ ၁ ချက်ရရှိပြီးအခင်းဖြစ်​နေရာတွင်​ သေဆုံးသွားခဲ့​​​ကြောင်း သိရသည်။

အခင်းဖြစ်ရာနေရာသို့ လုံခြုံရေးပူးပေါင်းအဖွဲ့ရောက်ရှိလာပြီး နယ်​မြေရှင်းလင်း​ရေးလုပ်ငန်းအား မွန်းလွဲ ၃နာရီခွဲ အချိန်ခန့်ထိ​ ဆောင်ရွက်ခဲ့ပြီး ဦးစံ​​ရွှေ၏ အ​လောင်းအား စမ်းလှမ်း​ကျေးရွာ နာ​ရေးကူညီမှု့အ​ရေး​ပေါ်လူနာတင်ယာဥ်ဖြင့် ၃နာရီအချိန်ခန့် ထားဝယ်မြို့ပြည်သူ့​ဆေးရုံကြီးသို့ ပို့​ဆောင်သွား​ကြောင်းသတင်းရရှိပါသည်။

#PAN