မန်ယူကစားသမား ဂရင်းဝုဒ်ကို ခေါ်ယူမှု ဂီတာဖေးအသင်း အတည်ပြု

Photo: Getafe

စက်တင်ဘာ ၅
မန်ယူအသင်းမှ အငှားခေါ်ယူထားသည့် တိုက်စစ်ကစားသမား ဂရင်းဝုဒ်ကို ဂီတာဖေးအသင်းဟာ တရားဝင်မိတ်ဆက် အတည်ပြုခဲ့ပါတယ်။
ဂီတာဖေးအသင်းအနေဖြင့် ဂရင်းဝုဒ်၏ လစာငွေအား ၅၀ ရာခိုင်နှုန်းနီးပါးသာ ပေးချေရမည်ဖြစ်ပြီး ဇန်နဝါရီတွင် စာချုပ်ဖျက်သိမ်းခွင့်ရှိသည့် အချက်လည်းပါဝင်တယ်လို့ သိရပါတယ်။
ဂရင်းဝုဒ်က ဂီတာဖေးအသင်းမှာ ကျောနံပါတ် (12)ကို ဝတ်ဆင်သွားမှာဖြစ်ပြီး နိုင်ငံတကာ ရက်သတ္တပတ် ပြီးဆုံးချိန် ကလပ်ပွဲတွေ ပြန်လည်စတင်ချိန်မှာပဲ အသင်းအတွက် စတင် ကစားပေးရဖွယ် ရှိနေပါတယ်။