ဘရာဇီးလ်အသင်းရဲ့ ခြေစစ်ပွဲ လူစာရင်းကနေ ဖယ်ရှားခံလိုက်ရတဲ့ အန်တိုနီ

စက်တင်ဘာ ၅
အကြမ်းဖက်မှုနဲ့ ဘရာဇီး တရားရုံးမှာ ချစ်သူဟောင်းရဲ့ စွဲချက်တင်မှုကို ရင်ဆိုင်နေရတဲ့ မန်ယူ တောင်ပံ ကစားသမား အန်တိုနီ ကို ဘရာဇီး လက်ရွေးစင်အသင်း လူစာရင်းကနေ ဖယ်ရှားခံလိုက်ရမှုကို ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။
ဘရာဇီးလ်အသင်းဟာ အန်တိုနီရဲ့ နေရာမှာ မကြာသေးခင်မှ ဒဏ်ရာကနေ သက်သာလာခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူး ဂျေဇူးကိုသာ ရွေးချယ်သွားခဲ့ပါတယ်။