“တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ Maltepe Başıbüyük အနီးတွင် ပြင်းထန်သောတောမီး လောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့ရပြီး မီးလောင်ရ သည့် အကြောင်းအရင်းကို အာဏာပိုင်များက စုံစမ်းမှုများပြုလုပ်နေ”

စက်တင်ဘာ ၅

တူရကီ နိုင်ငံ Maltepeဒေသ ရှိ သစ်တောဧရိယာတွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုအား ဝေဟင်နှင့်မြေပြင်မှ မီးသတ်သမားများက ပြင်းထန်စွာ ငြှိမ်း သတ်ပေးမှု ကြောင့် ထိန်းချုပ်နိုင်ခဲ့ ပြီလည်း ဖြစ်ပါတယ်။

Zümrütevler ခရိုင်ရှိ သစ်တောဧရိယာတွင်တောမီးလောင်မှုဖြစ်ပွားကြောင်း အကြောင်းကြား ချက်အရ မီးသတ်သမားများနှင့် ရဲအဖွဲ့အများအပြားကို အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိပြီး ငြှိမ်းသတ်မှုများပြုလုပ်ခဲ့ရကြောင်းလည်း သိရပါတယ်။

ထို့နောက် မီးလောင်မှုဖြစ်ပွားရာနေရာအနီးရှိ နေအိမ်အချို့၏ ခေါင်မိုးများသို့ မီးများ ပျံ့နှံ့ရောက်ရှိသွားပြီး မီးလောင်ကျွမ်းမှုကို မီးသတ်သမားများက ဝင်ရောက်ငြှိမ်းသတ်နိုင်ခဲ့ကြောင်း လည်းဖော်ပြ​ပြောဆိုထားပါတယ်။

တူရကီ နိုင်ငံ၏ မီးသတ် အဖွဲ့များ ပြင်းထန်စွာ လုပ်ဆောင်ခဲ့ပြီးနောက် မီးကို ထိန်းချုပ်နိုင်ခဲ့ သော်လည်း မီးသတ် ရဟတ်ယာဉ်များ ပံ့ပိုးမှုဖြင့် အဆိုပါ တောမီးလောင်ခဲ့သည့် ဒေသများအတွင်း အအေးပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါတယ်။

တူရကီနိုင်ငံ အစ္စတန်ဘူလ် ဒေသ သစ်တောရေးရာ ညွှန်ကြားမှု ဦးစီးဌာနက ပြီးခဲ့သည့် စက်တင်ဘာ ၄ရက်နေ့က ကြေညာချက် များထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါ ကြေညာချက်တွင် “အစ္စတန်ဘူလ် ပြည်နယ်၊ Maltepe ခရိုင် Başıbüyük တည်နေရာ ၁၄ နာရီ ၃၂ မိနစ်တွင် တောမီးလောင်ကျွမ်းခဲ့ပါတယ်။ ၁၄:၃၅ တွင် ကျနော် တို့အဖွဲ့သည် ဝေဟင် မြေပြင်မှ တောမီးများကို ငြိမ်းသတ်နိုင်ခဲ့ကြပါတယ်။ မီးသတ်သမား ၁၁ ဦး၊ ပထမ İMA ၂ ဦး၊ Dozer ၂ စင်း၊ ရဟတ်ယာဉ် ၁ စင်းနဲ့ အမှုထမ်း ၇၀ နဲ့ မီးသတ်တပ်ဖွဲ့တွေက ကြားဝင်ဆောင်ရွက်ပေးနေပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေပါတယ်” လို့ တူရကီ နိုင်ငံ အစ္စတန်ဘူလ် ဒေသ သစ်တောရေးရာ ညွှန်ကြားမှု ဦးစီးဌာနက ထပ်လောင်း ပြောကြားခဲ့ တာဖြစ်ပါတယ်။