”2024 AFC U23 Asian Cup” ယှဉ်ပြိုင်ရန် Myanmar U-23 အသင်း လေ့ကျင့်မှုများပြုလုပ်

Photos: MFF

စက်တင်ဘာ ၄
Myanmar U-23 အသင်းက 2024 AFC U23 Asian Cup ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားရန် အတွက် တောင်ကိုရီးယားနိုင်ငံ Changwon မြို့သို့ ရောက်ရှိနေပါတယ်။
ကစားသမားများဟာ ယနေ့ စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။
Myanmar U-23 အသင်းဟာ ခြေစစ်ပွဲ အုပ်စု(ခ)တွင် ကျရောက်နေပြီး အိမ်ရှင် တောင်ကိုရီးယား၊ ကာတာ၊ ကာဂျစ္စတန် အသင်းများနဲ့ ယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။။
အုပ်စု အဖွင့်ပွဲစဉ်အဖြစ် ကာဂျစ္စတန် အသင်းနှင့် စက်တင်ဘာ ၆ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီ ၃၀ မိနစ်၊ ဒုတိယမြောက် ပွဲစဉ်အဖြစ် ကာတာ အသင်းနှင့် စက်တင်ဘာ ၉ ရက်၊ အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် အိမ်ရှင်‌ တောင်ကိုရီးယား အသင်းနှင့် စက်တင်ဘာ ၁၂ ရက်တို့တွင် ဆက်လက် ကစားရမည် ဖြစ်ကြောင်း သိရပါတယ်။