လှိုင်သာယာအနောက်ပိုင်းမြို့နယ်တွင် ၉ နှစ်အရွယ် ကလေးငယ် အပါအဝင် မိသားစုသုံးဦး အသတ်ခံရ

စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊အမှတ် ၁၈ရပ်ကွက်၊ အနန္တသူရိယလမ်းရှိနေအိမ်တွင် ယနေ့ မွန်းလွဲ ၁နာရီ ​ကျော်အချိန်ခန့်က ၉ နှစ်အရွယ် ကလေးငယ် အပါအဝင်မိသားစုသုံးဦး အသတ်ခံရမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

​​အဆိုပါ အခင်းဖြစ်ရာ နေအိမ်တွင် အိမ်ရှင် ဦးဌေးလွင် ၅၉နှစ်၊ (ဘ)ဦးထွေးမောင်သည် ​နေအိမ်အောက်ထပ် အခန်းထဲ၌ သေဆုံးလျက်ရှိပြီး ဇနီး ဒေါ်စုလှိုင်ဝင်း ၅၂ နှစ် နှင့် သားဖြစ်သူ ​မောင်ဖြိုးမြတ်ကိုကို အသက် (၉)နှစ်မှာအပေါ်ထပ် အခန်းထဲတွင် ဓားဒဏ်ရာများဖြင့်သေဆုံးနေကြောင်း သိရသည်။

ယင်းမိသားစုဝင်များအား သတ်ဖြတ်သွားသည့် အကြမ်းဖက်များအား နယ်မြေခံ ရဲတပ်ဖွဲ့စခန်းမှ ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN