ပုသိမ်ကြီးမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်ကို အကြမ်းဖက်သမား PDF ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေး

စက်တင်ဘာ ၄

       မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊အောင်မင်္ဂလာ(၁)ရပ်ကွက်၊ပုသိမ်ကြီး လမ်းမကြီးဘေးရှိ မြန်မာ့စီးပွားရေးဘဏ်ကို ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် အကြမ်းဖက်သမား PDF ၂ ဦးက စီးနင်းလာသည့် ဆိုင်ကယ် ၁ စီးပေါ်မှ လက် လုပ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ပြီး ရပ်ကွက်အတွင်း လမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

      လက်လုပ်ဗုံးမှာ  မြန်မာ့စီးပွားရေးဘဏ်ဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးအုတ်နံရံတွင် ဗုံးစထိမှန်ကာ အင်္ဂတေအပေါက်အနည်းငယ်ဖြစ်သွားပြီး လူ/ပစ္စည်း ထိခိုက်ပျက်စီးဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။

      အကြမ်းဖက်သမား PDF များသည် ယခုလို မြန်မာ့စီးပွားရေးဘဏ်ကဲ့သို့သော အရပ်ဖက်ပစ်မှတ်များကို ရွေးချယ်ပြီး လက်လုပ်ဗုံးများ ပစ်ခတ်ဖောက်ခွဲခြင်းများပြုလုပ်ခြင်းသည် အရပ်သားပြည်သူများအတွင်း အကြောက်တရားများ တိုးပွားပြီး ကျီးလန့်စာစား နေစေရန် ရည် ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်မှုများကြောင့်ပင် အေးချမ်းစွာနေလိုသော ပြည်သူများသည် အကြမ်းဖက်သမား PDF များကို ရွံရှားမုန်းတီးလာကြပြီး ၎င်းတို့၏ သတင်းများကို နီးစပ်ရာ လုံခြုံရေးအဖွဲ့များသို့ လျှိ့ဝှက်ပေးပို့လာကြကြောင်း သိရပါသည်။

#PAN