ဂီတာဖေးသို့ တစ်ရာသီအငှားနဲ့ ဂရင်းဝုဒ် ပြောင်းရွှေ့

စက်တင်ဘာ ၄
မန်ယူအသင်းရဲ့ အသက် ၂၁ နှစ်အရွယ် အကယ်ဒမီထွက်ကစားသမား တိုက်စစ်မှူး ဂရင်းဝုဒ်ကို စပိန်လာလီဂါကလပ် ဂီတာဖေးအသင်းက တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
ဂရင်းဝုဒ် ဟာ သူရဲ့ ချစ်သူ မိန်းကလေးအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေကြောင့် အမှုရင်ဆိုင်ခဲ့ရရင်း အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ပင်မယ့် သူရဲ့ မန်ယူကစားသမားဘ၀ကတော့ အဆုံးသတ်သွားခဲ့ရပါတယ်။
မန်ယူအသင်းရဲ့ အမျိုးသမီး ပရိတ်တွေနဲ့ အမျိုးသမီးဝန်ထမ်းတွေရဲ့ ဖိအားပေး ဆန့်ကျင် ကန့်ကွက်မှုတွေကြောင့် နောက်ဆုံးမှာတော့ မန်ယူဘက်က ဂရင်းဝုဒ်ကို အသင်းနဲ့ ဝေးရာမှာ ထားရှိဖို့ပဲ ဆုံးဖြတ်ခဲ့ရပါတယ်။