အိမ်ကွင်းအီမရိတ်စ်မှာ မန်ယူကို ဂိုးပြတ်သွင်းခဲ့တဲ့ အာဆင်နယ်

Photos: Premier League,Twitter

စက်တင်ဘာ ၄
ဒီအပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၄)ရဲ့ အကောင်းဆုံး ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်-မန်ယူပွဲကတော့ အချိန်တိုအတွင်း အပြန်အလှန်သွင်းဂိုးတွေနဲ့ ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။
ပွဲချိန် ၂၇ မိနစ်မှာ ရက်ရှ်ဖို့ဒ်က တန်ပြန်တိုက်စစ်ကတဆင့် အဲရစ်ဆန်ရဲ့ ပေးပို့မှုကို ဆွဲပြေးကာ ဧရိယာထဲအရောက် ဝိုက်ကန်သွင်းပြီး ယူနိုက်တက်အတွက် ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်ကလည်း ချက်ချင်းပဲ တိုက်စစ်ပြန်စခဲ့ပြီး ချေပဂိုးရခဲ့ကာ အိုဒီဂတ်က အနီးကပ်အပိုင် ပိတ်သွင်းခဲ့တာပါတယ်။
နာကျင်အချိန်ပို ၈ မိနစ်ပေးခဲ့ရာမှာ ၆ မိနစ်မှာ အာဆင်နယ်တို့ အနိုင်ဂိုးရခဲ့ပြီး ဒီကလန်ရိုက်က အဖိုးတန်သွင်းဂိုးကို ရယူပေးသွားခဲ့ပါတယ်။

ဒီပွဲရဲ့ ပွဲကစားချိန်နှောင်းပိုင်းမှာလည်း ဂါနာချိုက တစ်ဂိုးသွင်းယူခဲ့သေးပေမယ့် ကွင်းလယ်ဒိုင်က VAR ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာကြောင့် မန်ယူတို့ နစ်နာခဲ့ရပါသေးတယ်။