“အစ္စရေးနိုင်ငံ ဝန်ကြီးချုပ်က ၎င်းတို့နိုင်ငံ Tel Aviv မြို့တွင် ပြင်းထန်သည့် အစိုးရဆန့်ကျင် ရေး ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံအတွင်းရှိ အရှေ့အာဖရိက နိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူများအားလုံးကို အစ္စရေး နိုင်ငံအတွင်းမှ ဖယ်ရှားသွားဖွယ်ရှိနေ”

စက်တင်ဘာ ၄

အစ္စရေးနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သည့် Benjamin Netanyahu က အစ္စရေးနိုင်ငံ Tel Aviv မြို့ တွင် ပြင်းထန်သည့် အစိုးရဆန့်ကျင်ရေး ရုန်းရင်းဆန်ခတ် မှုများ ဖြစ်ပွားမှုများတွင် ပါဝင်နေတဲ့ အရှေ့အာဖရိက နိုင်ငံ Eritrean နိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူတွေကို ချက်ခြင်း ပြည်နှင်ဒဏ်ပေးသွားမည်ဖြစ်ပြီး အစ္စရေး နိုင်ငံရဲ့ အာဖရိကလူမျိုး ရွှေ့ပြောင်း နေထိုင်သူအားလုံးကို နိုင်ငံအတွင်းမှ ဖယ်ရှားသွားဖို့ အစီအစဉ်ရှိကြောင်း အမိန့်ထုတ်လိုက်ပါတယ်။

Tel Aviv တောင်ပိုင်းရှိ Eritreans အုပ်စုများ ၏ သွေးထွက်သံယို ဆန္ဒပြမှုများအပြီး တစ်ရက်အကြာတွင် အဆိုပါ အမိန့် ထွက်ပေါ်လာခြင်းလည်းဖြစ်ပါတယ်။

ထို့နောက် ဆန္ဒပြသူများကို ထိန်းချုပ်ဖို့ ကြိုးစားစဉ်ခဲ့ကြသည့် အစ္စရေးရဲတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ရိုက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရကြောင်း လည်း သတင်းဌာနများ ကဖော်ပြပြော ဆိုထားကြပါတယ်။

ပြီးခဲ့သည့် စက်တင်ဘာ ၂ရက် စနေနေ့က အစ္စရေး နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများတွင် အစ္စရေးကို ကာလရှည်ကြာ နေထိုင်ကြသည့် ရွှေ့ပြောင်းအခြေချသူများ၏ ပြဿနာများကို ပြန်လည်အစပျိုး ရောက်ရှိစေခဲ့ တာလည်းဖြစ်ပါတယ်။

အစ္စရေး နိုင်ငံ တဲလ်အဗစ် အကြမ်းဖက်မှု အပြီးတွင် အစ္စရေး ဝန်ကြီးချုပ်က နိုင်ငံအတွင်းရှိ အီရီထရီးယားလူမျိုးများကို ချက်ချင်းပြန်ပို့ရန် ဆန္ဒရှိနေ ပြီးခဲ့သည့် စက်တင်ဘာ ၂ရက် စနေနေ့က Tel Aviv မှာ ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများတွင် ပါဝင်ပတ်သက်နေတဲ့ Eritrean လူမျိုး အစ္စရေး နိုင်ငံ အတွင်း ခိုလှုံခွင့်တောင်းသူတွေ နှင့် အစ္စရေး ရဲတပ်ဖွဲ့ဝင်တို့အကြား ပြင်းထန်သော ရုန်းရင်းဆန်ခတ်မှုများတွင် လူ ၁၇၀ ခန့် ဒဏ်ရာရရှိခဲ့ကာ အီရီထရီးယား အစိုးရကို ထောက်ခံသူများနှင့် ဆန့်ကျင်သူများကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရပါတယ်။

ဝန်ကြီးချုပ် Benjamin Netanyahu က “မျဥ်းအနီရောင်” ကို ဖြတ်ကျော်ခဲ့ပြီး လို့ ပြောကြားခဲ့ပြီး “တရားမ၀င် စိမ့်ဝင်ဝင်ရောက်သူများ” အဖြစ် သူသတ်မှတ်ထားသော အာဖရိက ရွှေ့ပြောင်းနေထိုင်သူများအားလုံးကို ဖယ်ရှားရန် အစီအစဉ်သစ်ကိုလည်း ညွှန်ကြားခဲ့ကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။