“ပင်တဂွန် က အရှေ့ဥရောပဒေသများအတွင်း စစ်ရေးဆိုင်ရာ ထောက်ပံ့နိုင်ရန် နှင့် ရုရှား အားဟန့်တားနိုင်ရန် အမေရိကန် တပ်ဖွဲ့ဝင် ၄၀၀၀ကျော် နီးပါထိ စေလွှတ်သွားဖွယ်ရှိနေ”

စက်တင်ဘာ ၄

နေတိုးအဖွဲ့ဝင် နိုင်ငံတွေကို စစ်ရေးဆိုင်ရာ ထောက်ပံ့နိုင်ရန် နှင့် ရုရှားနိုင်ငံ ကို ဟန့်တားနိုင် ဖို့ အရှေ့ဥရောပဒေသ မှာ တပ်စွဲထားတဲ့ အမေရိကန် စစ်တပ်၏ တပ်ဖွဲ့ဝင် ၄၀၀၀ ကျော်ကို စေလွှတ်နိုင်ဖို့ ပင်တဂွန် (အမေရိကန် စစ်ဌာနချုပ်) ၏ အရာရှိတွေက အခြေအတင် ဆွေးနွေးနေခဲ့ကြပြီး တချို့ကတော့ အဆိုပါ ကိစ္စရပ် နှင့် ပတ်သတ်ပြီး မလိုအပ်တော့ဘူးလို့ ငြင်းခုံခဲ့ကြတယ်လို့ ကာကွယ်ရေးအရာရှိ ၃ ဦးက ပြီးခဲ့သည့် စက်တင်ဘာလ ၁ရက်နေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။ ​

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အစောပိုင်းတွင်၊ အမေရိကန် ပင်တဂွန် သည် ရုရှားနိုင်ငံ က ယူကရိန်းနိုင်ငံ ကို ကျူးကျော်လိမ့်မည်ကို စိုးရိမ်မှုများကြောင့် အရှေ့ဥရောပရှိ နေတိုးမဟာမိတ်များထံ အမေရိကန် တပ်ဖွဲ့ဝင်များ ထပ်မံအားဖြည့် စေလွှတ်ခဲ့ ပြီးလည်းဖြစ်ပါတယ်။

ရုရှား၏ ကျူးကျော်ခြင်းများမှ ဟန့်တားရန်၊ ဒေသတွင်းတွင် အမေရိကန်၏ စိုးမိုးမှုတည်ရှိမှုကို အားဖြည့်နိုင်ရန်နှင့် ယူကရိန်း နှင့် ရုရှားတို့ ၏ ပဋိပက္ခများတွင် ၎င်းတို့ပိုက်နက် နယ်နိမိတ်ကို ဖြတ်ကျော်ဝင်ရောက်လာမည်ကို စိုးရိမ်သော မဟာမိတ်နိုင်ငံများ အတွင်း စစ်အင်အား မြှင့်တင်သွားမှာလည်းဖြစ်ပါတယ်။

သို့သော် ပင်တဂွန်(အမေရိကန်) မှ တာဝန်ရှိသူများက မည်သည့်တပ်ဖွဲ့များ ယခု မစ်ရှင်တွင် ပါဝင်နိုင်သည်ဆိုသည့် ရွေးချယ်မှုများကို ဆွေးနွေး နေစဉ်တွင် အငြင်းပွားမှုများ ရှိနေကြတာလည်းဖြစ်ပါတယ်။

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်မှ အရာရှိအချို့က နေတိုး မဟာမိတ်နိုင်ငံများတွင် အမေရိကန် စစ်တပ်၏ အဖွဲ့ဝင်များ ထားရှိမှုသည် ရုရှားအား အဟန့်အတားမရှိသလို မလိုအပ်ကြောင်းနှင့် တပ်ဖွဲ့ဝင်များနှင့် ရန်ပုံငွေများကို အခြားနေရာများတွင် အသုံးပြုနိုင်ကြောင်း ဆွေးနွေးနေကြပါတယ်လို့ အမေရိကန် စစ်တပ် ကာကွယ်ရေး အရာရှိ ၃ ဦးက ထပ်လောင်း ပြောကြားထားပါတယ်​။

အခြားအမေရိကန် စစ်ဘက်အရာရှိများက လည်း နေတိုး မဟာမိတ်များတွင် စစ်အင်အားတိုးချဲ့မှုကို ထောက်ခံကြောင်း ပြသရန် အရေးကြီးကြောင်း အရာရှိများက ပြောကြားခဲ့ကြပါတယ်။