KNLA/PDF အဖွဲ့မှ မြဝတီခရိုင်ရဲစခန်းအား Drone Bomb ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ့ဝန်ထမ်းကောင်းများကျဆုံး

စက်တင်ဘာ ၄

ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ ခရိုင်ရဲစခန်းအတွင်းသို့ လူသတ်အကြမ်းဖက်သောင်းကျန်းသူ KNLA/PDF အဖွဲ့များမှမျာမှ စက်တင်ဘာလ ၃ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် Drone ဖြင့် Bomb ၂ လုံံး ပစ်ချတိုက်ခိုက်ခံမှုအား တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုနေကြစဉ် ည ၇ နာရီ ၂၀ အချိန်ခန့်မှာ Drone Bomb ၂ လုံံးဖြင့် ထပ်မံပစ်ချတိုက်ခိုက်ခံသဖြင့် ၅ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်တွင် လူသတ်အကြမ်းဖက်သောင်းကြမ်းသူ အဖွဲ့များမှမျာမှ ပစ်ချတိုက်ခိုက်သော Drone Bomb သည် ခရိုင်ရဲစခန်းရှိ ခရိုင်ရဲမှုးအိမ် အနီးတွင် တစ်လုံး၊ အစည်းအဝေး ခန်းမတွင် တစ်လုံး ပေါက်ကွဲခဲ့ရာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်း၊ ၎င်း ဖြစ်စဥ်အားလာရောက် ကြည့်ရှုစစ်ဆေးစဥ် ထိုနေရာသို့ Drone Bomb ဖြင်ထပ်မံ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ထိုတိုက်ခိုက်ခံရမှုကြောင့် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ခရိုင်ထွေအုပ် ဦးစီးအရာရှိ ဦးထွန်းထွန်းလင်း၊ ခရိုင်ထွေအုပ်စာရေး ဦးပြည့်ဖြိုးအောင်တို့မှာ နေရာတွင်သေဆုံးခဲ့ပြီး မြဝတီရှေ့တန်းရုံး ရှေ့တန်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မင်းနှင့် ယာဉ်ထိန်းရဲအုပ် နေလင်းစိုးတို့မှာ ပြင်းထန်ဒါဏ်ရာဖြင့် မြဝတီခရိုင်ဆေးရုံတွင်သေဆုံးခဲ့ရပြီး မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးအပါအဝင် ဒဏ်ရာရ ၁၃ ဦးတို့ သည် မြဝတီခရိုင်ဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရှိရသည်။

စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်း ၂ နာရီအချိန်ခန့်က မြို့နယ်ရဲစခန်းဝင်း အတွင်းနှင့် ဇမိခန်းမတို့အား Drone ဖြင့်လည်းကောင်း ခ လ ရ ၃၂ တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်းလည်း သိရှိရသည်။

#PAN