နွားထိုးကြီးမြို့နယ်မှ ပြည်ခိုင်ဖြိုးဝန်းရံသူ ၃ ဦးကို PDF လူသတ်အကြမ်းဖက်သမားများမှဖမ်းဆီးသတ်ဖြတ်

စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်၊သင်းတယာကျေးရွာအုပ်စု၊ထန်းတောမကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ အမျိုးသား ၃ဦးကို လူသတ်အကြမ်းဖက် PDF များမှ သတ်ဖြတ်သွားကြောင်း သိရသည်။

ထန်းတောမကျေးရွာ တောင်ဘက်ရှိ ဘုန်းတော်ကြီးကျောင်းသွား လမ်းဆုံအနီး၌ စက်တင်ဘာ ၃ ရက်နေ့ ၀၆:၃၀ အချိန်ခန့်က နွားထိုးကြီးမြို့နယ် ထန်းတောမကျေးရွာတွင်နေထိုင်ကြသူများဖြစ်ကြသည့် ဦးနန်းအောင်၊၄၇နှစ်၊(ဘ)ဦးဖိုးတော်၊ နောက်ကျောပြင် ယာဘက်ခြမ်း ဖောက်ဝင်ဒဏ်ရာ ၁ချက်၊လည်ပင်းအောက် ဖောက်ထွက်ဒဏ်ရာ ၁ချက်၊ ဦးနန်းတင်၊၄၅နှစ်၊(ဘ)ဦးဖိုးတော်၊ ဦးခေါင်းယာဘက်ခြမ်း ပွင့်ထွက်ဒဏ်ရာ ၁ချက်၊ဦးခေါင်းဝဲဘက်ခြမ်း ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ဦးအောင်ဘို၊၇၀နှစ်၊(ဘ)ဦးမြသိန်း၊ ဦးခေါင်းယာဘက်ခြမ်း ပွင့်ထွက်ဒဏ်ရာ ၁ချက်၊နောက်ကျောပြင် ဖောက်ဝင်ဒဏ်ရာ ၃ချက်၊လည်ပင်း ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၂ချက်၊ယာဘက် တံတောင်ဆစ် ပွင့်ထွက်ဒဏ်ရာ ၁ချက်ဖြင့်လည်းကောင်း လဲကျသေဆုံးနေကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများ၏စစ်ဆေးချက်အရ သိရသည်။

သေဆုံးသူများသည် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူ ဖြစ်ကြကြောင်းသိရှိရပြီး အခင်းဖြစ်နေရာအနီးမှ ၇.၆၂×၃၉ AK ကျည်ခွံ ၈ခု တွေ့ရှိရကြောင်းသိရသည်။

ဖြစ်စဥ်မှာ စက်တင်ဘာလ ၂ ရက်နေ့ ညနေ ၆နာရီ အချိန့်တွင် သေဆုံးသူ ၃ဦးသည် ကျေးရွာအတွင်းရှိ ၎င်းတို့နေအိမ် အသီးသီး၌ ရှိနေစဥ် အမည်မသိ အကြမ်းဖက်သမား ၄ဦး၊ဆိုင်ကယ် ၂စီးဖြင့် ရွာလယ်လမ်းအတိုင်း မြောက်ဘက်မှဝင်ရောက်လာကာ သေဆုံးသူ ၃ဦးအား ဖမ်းဆီးခေါ်ဆောင်ကာ ကျေးရွာ၏တောင်ဘက် ဘုန်းတော်ကြီးကျောင်းသွား လမ်းဆုံအနီးတွင် သေနတ်ဖြင့်ပစ်သတ်ပြီး ရွာလယ်လမ်းအတိုင်း တောင်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်းသိရသည်။

ကျူးလွန်သူအကြမ်းဖက်များအားဖမ်းဆီးရမိနိုင်ငံနဲ့ ရပ်ရွာအေးချမ်းတည်ငြိမ်မှုရရှိစေရေး သက်ဆိုင်ရာမှ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။