ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်    ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးတွင် ရဲတပ်သား တစ်ဦးကို လူသတ်အကြမ်း ဖက်သမား PDF များက သေ နတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

စက်တင်ဘာ ၃

        မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်    ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးတွင် ပေါင်မြို့နယ်၊မြို့ရဲစခန်းမှ နယ်ထိန်းတာဝန်ထမ်းဆောင်နေသူ ရဲတပ်သား ကိုကိုလွင် ကို လူသတ်အကြမ်း ဖက်သမား PDF များက ယနေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

       ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ် သား ကိုကိုလွင် တွင် ညာဘက်ဝမ်းဗိုက်တွင် ၄ ချက်၊ ဝဲရင်အုံ ၁ ၊ ညာဘက်ရင်အုံ ၁ ချက်၊ နဖူးတည့်တည့်တွင် ၁ ချက်၊ ဝဲလက်ဖျံ ၁ ချက်၊ ယာတင်ပါး ၁ ချက်၊ဝဲလက်ခုံ ၁ ချက်၊ စုစုပေါင်း ၁၀ ချက်နှင့် ညာဘက်လက်မောင်ကျိုးဒဏ်ရာတို့ ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်။

       ဖြစ်စဥ်မှာ ရဲတသ ကိုကိုလွင်သည်ပေါင်မြို့ နယ်တရားရုံး၏ ရာ/ကြီးအမှုအမှတ် ၄၀/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၂၃/၃၀၂အမှုမှ သက်သေ ကရင်စုပိုင်း၊ မိုးနိုင်းရပ်ကွက်နေသူ ဦးမောင်မောင်အား  သက်သေဆင့်ဆိုပြီးနောက် မိုးနိုင်းရပ်ကွက်ဘက်မှ ပေါင်မြို့မရဲစခန်း ဘက်သို့ NCX (တရုတ်နိုင်ငံလုပ်)ဆိုင်ကယ် ငှက်ခါးရာင်ဖြင့် တစ်ဦးတည်း ပြန်ပြန်လာစဉ် အကြမ်းဖက် PDF အဖွဲ့က ယာဉ်ပေါ်မှ လက်နက်ငယ်ဖြင့် ၁၁ ချက် ခန့်ပစ် ခတ်ခဲ့ကာ သထုံဖက်သို့ပြန်လည်မောင်းထွက်သွားခဲ့ကြောင်း သတင်းရရှိပါသည်။

        အလားတူ  သြဂုတ် ၁၂ ရက်နေ့ကလည်း ဇင်းကျိုက်နယ်မြေရဲစခန်းမှ ပန်းကုန်းကျေးရွာ နယ်ထိန်းတာဝန်ထမ်းဆောင်သူ ရဲတပ်သား တစ်ဦး သထုံဘက်မှ ဇင်းကျိုက်ရဲစခန်းသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဥ် ပေါင်မြို့နယ်၊ ရန်ကုန် – မော်လမြိုင်လမ်းမကြီး၊ ပန်းကုန်းကျေးရွာ ၊ ရပ်ကွက်(၂) ပိုင်း၊ ဦးကရင်ထမင်းဆိုင်အနီတွင်လည်းကောင်း၊ ဇူလိုင် ၂၂ ရက်နေ့ကလည်း ပေါင်မြို့ နယ်၊ ဥတ္တံတားကျေးရွာ၊ မော်လမြိုင် – ရန်ကုန် ကားလမ်းဘေးရှိ ကျော်ကြီးစားသောက်ဆိုင်အတွင်း အအေးသောက်နေသည့် ဇင်းကျိုက်ရဲစခန်းမှ နယ်ထိန်းရဲတပ်သား တစ်ဦးနှင့် အရပ်သား တစ်ဦးတို့ကိုလည်းကောင်း PDF အမည်ခံလူသတ်အကြမ်း ဖက်များက ပစ်ခတ်သတ်ဖြတ်ခဲ့သေးကြောင်း၊ ပေါင်မြို့ နယ်အတွင်း ရဲတပ်ဖွဲ့ဝင်များကို အကြမ်း ဖက်သမား PDF များက ပစ်မှတ်ထားစောင့်ကြည့် သတ်ဖြတ်လျှက်ရှိနေကြောင်း သိရပါသည်။

#PAN