KNU, PDF ​များပစ်ခတ်လိုက်သည့်​ဗုံးသီးကြောင့် ရန်​ကုန်​-​မော်​လမြိုင်​အ​ဝေး​ပြေးကားလမ်းပေါ်မှ ဆိုက်တွဲယာဉ် ၁ စီးထိမှန်၍ ထိခိုက်ဒဏ်ရာရ

စက်တင်ဘာ ၂

မွန်​ပြည်​နယ်​၊ ကျိုက်​ထိုခရိုင်​၊ ဘီးလင်းမြို့နယ်​၊​ ဒေါက်​ရပ်​ကျေးရွာအတွင်းသို့ KNUတပ်မဟာ(၁) နှင့်​PDF အကြမ်းဖက်​ပူး​ပပေါင်းအဖွဲ့များက ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဒရုန်းဗုံးဖြင့်​တိုက်​ခိုက်​ခဲ့ပြီး ၎င်းတို့၏ ဒရုန်းဗုံးသီးတစ်​လုံးမှာ ရန်​ကုန်​-​မော်​လမြိုင်​အ​ဝေး​ပြေးကားလမ်း​ပေါ်သို့ကျ​ရောက်​ပေါက်​ကွဲခဲ့သဖြင့် ကျိုက်​ထိုမြို့ဘက်​သို့​မောင်းနှင်လာသည့်​ ဘေးတွဲဆိုက်​ကယ်​တစ်​စီးကိုထိမှန်​ခဲ့ကြောင်းသိရပါသည်။

အဆိုပါ ကားလမ်းပေါ်ကျသည့် ဒရုန်းဗုံးပေါက်ကွဲမှုကြောင့် ဆိုက်တွဲမောင်းနှင်းသူ ဦး​ရွှေခိုင်သည် ကျောကုန်းမိုင်းစထိမှန်​ဒဏ်​ရာ ၂ ချက်​၊ ယာ​ပေါင်​မိုင်းစထိမှန်​ဒဏ်​ရာ ၁ ချက်​တို့ရရှိခဲ့ကြောင်း ၊ စီးနင်းလိုက်​ပါလာသူ​များဖြစ်သည့် ဒေါ်မြင့်​ဝင်း ဝဲလက်​မောင်း​ပေါက်​ပြဲဒဏ်​ရာ ၁ ချက်​၊ ဦးမြင့်ဇော် ဝဲလက်​မောင်း​ပေါက်​ပြဲဒဏ်​ရာ ၁ ချက်​တို့အသီးသီးရရှိခဲ့​ကြောင်းသိရပါသည်​။

အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များသည် အများပြည်သူများကြားတွင် ပုန်းခို၍ တိုက်ပွဲဖော်ဆောင်ခြင်း ၊ ဘာသာရေးဘုရားကျောင်းများကို အကာအကွယ်ယူ၍ စစ်ရေးပုံဖော်ခြင်းများကြောင့် အရပ်သားပြည်သူများ သေဆုံထိခိုက်မှုအများအပြားရှိလာနေသည်ကို မြေပြင်သတင်းများအရ ကြားသိနေရပါသည်။

#PAN