စက်တင်ဘာ ၂
ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် ကရင် ပြည်နယ်၊ မြဝတီမြို့၊အမှတ်၅ရပ်ကွက်၊စိုက်ပျိုး ရေးဇုန်၊အင်ကြင်းလမ်း၊ ဦးကြည်သိန်းလိုင်ခန်းနေ DKBA တပ်ဖွဲ့ဝင် စိုင်းနော်ခတ်၊ ၂၀ နှစ်၊ အဘအမည်(စုံစမ်းဆဲ)ဆိုသူအား DKBA အဖွဲ့မှ တပ်ဖွဲ့ဝင် နှစ်ဦးက နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ စိုင်းနော်ခတ် မှာ နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ DKBA တပ်ဖွဲ့မှ စိုင်းနော်ခတ်၏ ဆရာဖြစ်သူ ဗိုလ်လက်ကီး၏ ဖခင်(အမည်စုံစမ်းဆဲ)နှင့် တပည့် တစ်ဦးတို့က ၎င်းတို့ တပ်ဖွဲ့ဝင်တပ်ပြေးဖြစ်သူ စိုင်းနော်ခတ် ကို KYN-4k 5041 ယာဥ်အနက်ရောင်ဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်စဥ် ဗိုလ်လက်ကီး၏ဖခင်နှင့် အတူပါလာသော တပည့်ဖြစ်သူက စိုင်းနော်ခတ်၏ နားထင် ကို သေနက်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေနတ်ဖြစ် ပစ်ခတ်သူ ဗိုလ်လက်ကီး ဖခင် ၏ တပည့်ဖြစ်သူကို ဖမ်းဆီရမိနိုင်ရေးအတွက် မြဝတီမြို့နယ်၊မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ စုံစမ်းလျက်ရှိကြောင်း သတင်းရရှိပါသည်။
#PAN