“နော်ဝေနိုင်ငံက အနောက်အာဖရိကတိုက်ရှိ မာလီနိုင်ငံအတွင်းရှိ ၎င်းတို့၏ သံရုံးကို ပိတ်ပင်မှုများ ပြုလုပ်သွားဖွယ် ရှိနေ”

စက်တင်ဘာ ၂

အနောက် အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်သည့် မာလီနိုင်ငံ အတွင်း လုံခြုံရေးအခြေအနေ ဆိုးရွားလာမှုကြောင့် နော်ဝေးနိုင်ငံက မာလီနိုင်ငံရှိ ၎င်းတို့နိုင်ငံ၏ သံရုံးကို ယခုနှစ်ကုန်တွင် ပိတ်ပင်သွားရန် နော်ဝေး အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် သြဂုတ်လ ၃၁ရက်နေ့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။

“ဒါက မာလီမှာရှိတဲ့ နော်ဝေရဲ့သံတမန် မစ်ရှင်တွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးအတွက် အကျိုးဆက်တွေ ရှိလာမှာပါ” လို့ နော်ဝေး နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြ​ပြောဆိုထားပါတယ်။