“တရုတ် – ထိုင်း နှစ်နိုင်ငံ Blue Strike – 2023 စစ်ရေးလေ့ကျင့်မှုများကို စက်တင်ဘာ လ ၁၀ရက်နေ့ထိ ပြုလုပ်သွား ဖွယ်ရှိနေ”

စက်တင်ဘာ ၂

တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့သည် “Blue Strike-2023” အမည်ရှိ နှစ်နိုင်ငံ ပူးတွဲရေ တပ်လေ့ကျင့်မှုများပြုလုပ်နိုင်ရန် အတွက် ထိုင်းပင်လယ်ကွေ့ အရှေ့ဘက်ပိုင်း Chon Buri ၏ Sattahip ခရိုင်တွင် တရုတ်နိုင်ငံ စစ် သင်္ဘောများနှင့် ရေငုပ်သင်္ဘောများ နှင့်အတူ ပါဝင်ဆင်နွှဲကြမည်ဖြစ်ပါတယ်။

တရုတ်-ထိုင်း နှစ်နိုင်ငံ နှစ်စဉ် စစ်ရေးလေ့ကျင့်မှု များကို လာမည့် တနင်္ဂနွေမှ စက်တင်ဘာ ၁၀ ရက်အထိ ထိုင်းပင်လယ်ကွေ့ အထက်ပိုင်းနှင့် Sattahip ရှိ ထိုင်း Phra Maha Chetsadachao စစ်စခန်းတို့၌ ကျင်းပမည်ဖြစ်ကြောင်း ထိုင်း ရေတပ် သတင်းရင်းမြစ်တစ်ခုက ပြောကြား ခဲ့တာဖြစ်ပါတယ်။

အဆိုပါ နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုများတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ
နှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် အဆင်သင့် ဆောင်ရွက်နိုင်ရန် အပါအဝင် နှစ်နိုင်ငံ ရေတပ်ဆိုင်ရာ စစ်ဆင်ရေးများ ဆောင်ရွက်ရန်နှင့် စစ်ဘက်ဆက်ဆံရေး ခိုင်မာစေရန်အတွက် ရေတပ် နည်းပညာဆိုင်ရာ အသိပညာဖလှယ်သွားကြရန် ရည်ရွယ်ထားကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့ကြပါတယ်။

တရုတ်သင်္ဘောများသည် ပြီးခဲ့သည့် သြဂုတ်လ ၃၁ရက် ကြာသပတေးနေ့တွင် ထိုင်းနိုင်ငံ လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိ နေခဲ့ပြီ လည်းဖြစ်ပြီး စက်တင်ဘာ ၁ရက်နေ့ သောကြာနေ့တွင် ထိုင်း ရေတပ်ဦးစီးချုပ် Adm Choengchai Chomchoengpaet၊ တရုတ်သံတမန် Han Zhiqiang နှင့် ထိုင်းဘုရင့်ရေတပ်မှ တပ်မှူး Adm Adung Phan-iam တို့သည် Royal Thai Fleet HQ တွင် တရုတ်မရိန်းတပ်၏ ဒုတိယအကြီးအကဲ RAdm Chen Weidong ကို ကြိုဆိုခဲ့ကြ ကြောင်းလည်း ဖော်ပြပြော ဆိုထားကြပါတယ်။

ထို့နောက် တရုတ်နိုင်ငံက ၎င်းတို့နိုင်ငံ၏ Changcheng အမည်ရှိ ရေငုပ်သင်္ဘော၊ ကုန်းရေနှစ်သွယ် ကမ်းတက်နိုင်သော သင်္ဘော Siming Shan၊ ပဲ့ထိန်းဒုံးပျံဖရီးဂိတ် Anyang နှင့် ထောက်ပံ့ရေးသင်္ဘော Chaohu တို့ အသုံးပြု၍ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သွားမည် လည်းဖြစ်ပါတယ်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုများတွင် နှစ်ဖက်စလုံး သည် ကုန်းကြောင်းနှင့် ပင်လယ်ရေကြောင်းဆိုင်ရာ လေ့ကျင့်မှုများ ပြုလုပ်ကြပြီး ရန်သူအား တိကျစွာပစ်ခတ်မှု နည်းဗျူဟာများ၊ တောတွင်း အသက်ရှင် ကျန်ရစ်ရေးနှင့် ရေကြောင်း ရှာဖွေကယ် ဆယ်ရေးတို့ကို လေ့ကျင့်သွား ကြမည် ဖြစ်ကြောင်း သတင်းဌာနများက ဖော်ပြပြောဆိုထားကြပါတယ်။