“ဂျာမနီ နိုင်ငံက ရုရှား – ယူကရိန်း စစ်ပွဲများအတွင်း သေဆုံးခဲ့ကြရသည့် ယူကရိန်း စစ်သည်များအတွက် လူသေများကိုသိုလှောင်ထားနိုင်သည့် အအေးခန်းများ ယူကရိန်းနိုင်ငံသ်ို့ ထောက်ပံ့ပေးပို့”

စက်တင်ဘာ ၂

ဂျာမနီနိုင်ငံ သည် ယူကရိန်း စစ်သည် ရုပ်အလောင်းများကို သိုလှောင်နိုင်ရန်အတွက် အအေးခန်း ၁၀ လုံးကျော်ကို ထောက်ပံ့ ပေးပို့သွားမည်ဖြစ်ကြောင်းသိရပါတယ်။

အဆိုပါ အရေအတွက်တွင် အအေးခန်း ကွန်တိန်နာကြီးများနှင့် အအေးခန်းထရပ်ကားများလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဂျာမန် ပြည်ထဲရေး ဝန်ကြီးဌာနက ကျဆုံးသွားသော ယူကရိန်း စစ်သားများ၏ အလောင်းများကို သိမ်းဆည်းထားနိုင် ရန်အတွက် ယူကရိန်းနိုင်ငံသို့ အအေးခန်း သေတ္တာ အလုံး ပေါင်း ၁၀ လုံးထိ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြီးခဲ့သည့် စက်တင်ဘာ ၁ရက်နေ့က ထုတ်ပြန် ပြောကြားခဲ့တာဖြစ်ပါတယ်။

“ယူကရိန်းနိုင်ငံ စစ်သည်များ သေဆုံးနေမှု အခြေအနေများတွင် အအေးခန်းများ ကူညီထောက်ပံ့နိုင်ရန် အတွက် ဂျာမန် ကော်မရှင်နာ Oleh Kotenko ၊ဂျာမန် ပြည်ထဲရေး ၀န်ကြီးဌာန၏ Federal Agency for Technical Relief (THW) ကိုယ်စားလှယ်များ နှင့်ဂျာမန်မှုခင်းဆေးပညာဗျူရို၏ကိုယ်စားလှယ်များ က အွန်လိုင်းအစည်း အဝေးတစ်ခု ပြုလုပ်ခဲ့ကြပါတယ်” လို့ အထက်ပါ ထုတ်ပြန်ချက် တွင်ဖော်ပြထားပါတယ်။

အဆိုပါအစည်းအဝေးသို့ ယူကရိန်း ကျန်းမာရေးဝန်ကြီးဌာန၏ အဓိကဗျူရိုညွှန်ကြားရေးမှူး Ihor Rozovyk နှင့် Kyiv(ယူကရိန်း) ဒေသဆိုင်ရာ မှုခင်းဆေးပညာဗျူရိုမှ ဒါရိုက်တာ Kostiantyn Voroshylov တို့လည်းပါဝင် တက်ရောက်ခဲ့ကြောင်းသတင်းဌာနများကဖော်ပြပြောဆိုထားကြပါတယ်။