ကြာအင်းဆိပ်ကြီးမြို့တွင် KNLA/PDF အဖွဲ့မှ တပ်စခန်းနှင့်ရဲစခန်းတို့အား လက်နက်ကြီး၊ Drone Bomb တို့ဖြင့် ပစ်ခတ်တိုက်ခိုက်

စက်တင်ဘာ ၂

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် လူသတ်အကြမ်းဖက်သောင်းကြမ်းသူ KNLA/PDF အဖွဲ့များမှ ယနေ့ နံနက်ပိုင်း ၂ နာရီအချိန်ခန့်မှစ၍ မြို့နယ်ရဲစခန်းဝင်း အတွင်းနှင့် ဇမိခန်းမတို့အား Drone ခ လ ရ ၃၂ တပ်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

လူသတ်အကြမ်းဖက်သောင်းကြမ်းသူအဖွဲ့များ ပစ်ခတ်ငသာ လက်နက်ကြီးကျည်များသည် တပ်အရှေ့ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်သွားလမ်း၊ လမ်းမပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်မှု့မရှိကြောင်းသိရသည်။

ထို့အပြင် ဒရုန်းဖြင့် ဗုံး ၃ ကြိမ် ပစ်ချတိုက်ခိုက်ရာတွင် ရဲမင်းကြီးအိမ်အနီးသို့ တစ်ကြီမ်၊ မြို့နယ်ရဲစခန်းဝင်းအတွင်းရှိ ရဲမှုးအိမ်အနီးတွင် တစ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် အဆောက်အဦများ ထိခိုက်မှုမရှိသော်လည်း ဇမိခန်းမပေါ်သို့ ကျရောက်ပေါက်ကွဲမှုတွင် ခန်းမကြီး အနည်းငယ်ထိမှန်ပျက်စီးမှုရှိပြီး လူ ထိခိုက်မှုမရှိကြောင်း သိရသည်။

#PAN